Professional Authors

အနီရောင်လမ်း

အနီရောင်လမ်း
……………….

ဒုက္ခတွေရဲရဲနီအောင်ပွင့်နေတဲ့
အဲဒီ
နှင်းဆီရောင်လမ်းကလေးအတိုင်း
လာခဲ့ပါ

ငါရှိမယ်
ဘီသိုပင်ရဲ့ မွန်းလိုက်ဆိုနာတာ သီချင်းကို တယောထိုးလျက်
ခွေးတစ်ကောင်ထိုင်စားနေတဲ့ နာရီများပန်းချီကားကိုတဖန်ပြန်လည် ရေးဆွဲလျက်
ကျွန်ုပ်တို့ရဲ့အပျက်အဆီးအယိုအယွင်းတွေကြားက ကမ္ဘာမြေဆိုတဲ့ကဗျာကိုရွတ်လျက်

အရာရာ ငါနဲ့အတူ နုပျိုစိမ်းလျက်ရှိကြောင်း
ဘယ်တော့မှသလ္လာဝတီမြစ်ဟာ နောက်ပြန်မစီးကြောင်း
ဘယ်တော့မှသလ္လာဝတီမြို့တော်ဟာ မကျဆုံးကြောင်း
မင်းတွေ့ရှိရပါလိမ့်မယ်……....

In: ကဗျာ Posted By: Date: Jun 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment