Professional Authors

အိပ်သွားတဲ့ အိမ်မက်

ရသလွန်တဲ့ လမ်းခွဲခြင်းမှာ
နှုတ်ဆက်လို့ ကျောပေးထားသော်လည်း
မင်း ရဲ့ ခေါ်သံ စောင့်ရင်း
….
….
(ခေါ်သံလား…..?)
ခန္ဓကိုယ် အနှံ မျက်ရည်တွေ တသိမ့်သိမ့်တုန်အောင်
စီးဆင်းနေတယ်

ခေါက်တုန့်ခေါက်ပြန် ရှိခဲ့ကြတဲ့ နားလည်မှုတွေ
လမ်းခုလပ်မှာ တုံးခနဲပဲ
လက်ရာမြောက်လွန်းတဲ့မင်းရဲ့ လူသတ်လက်နက်
မီးခိုးတောင် မထွက်လိုက်ပါလား
လူပီသစွာပဲ ငါအသေခံလိုက်ပ့ါမယ်

အသားထဲ ၀င်နေတဲ့ ဆူးတချောင်း
နောင်တချိန်မှာ ပြည်တည်နိုင်မှန်းသိပေမယ့်
မြတ်နိုးစွာနဲ့ပဲ သိမ်းထားခဲ့မိတယ်
မင်းပေးခဲ့တဲ့ အကြောင်းအရာမရှိတဲ့
ဒဏ်ရာပဲ အပြစ်ကင်းစင်ရမယ်လေ
(ဖြေသိမ့်ခြင်းများစွာနှင့်)

ရေစစ်မခံထားတဲ့မေတ္တာတွေကို
သစ္စာတရားနဲ့ ကျောရိုးခံပြီး
အသားမာတက်အောင်ထမ်းထားနေလေရဲ့
အသားအထပ်ထပ်တက်နေလည်း
အောက်ဆုံးမှာ နာကြင်မှုကိုအရင်းခံထားရပြီလေ

တရားမှုတိုင်းမှာ မတရားသူကြီးကသာ
စီရင် ချက်ချပေးနေမှတော့
အမှန်ပျောက်တဲ့ အမှောင်ထဲမှာ
ငါဟာလုံးဝအတိအလင်း…အနာဂတ်မဲ့ ဗလာ။။။။

ap 

In: ကဗျာ Posted By: Date: Jun 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment