Professional Authors

ဒုက္ခ

ဝေရီမှုန်သီတဲ့ ညတစ်ည
ငါ့အာရုံပေါ် ဖြာကျတဲ့ အလွမ်းက
လမင်းထက် အားကောင်းတယ်။ ။
လသာပြီး နှင်းကျတဲ့ ညတွေဆို
ငါ့ရင်မှာ ငိုချင်
ဆိုချင်လာတဲ့ သီချင်းက
မရှိခြင်း ဒုက္ခ။ ။
ဟော့ဒီ ဘ၀က ကောက်ရသလိုပါပဲ
မှောက်လို့ပဲ ပြပြ သွန်လို့ပဲ ချချ
ဘာမှတော့ ကျမလာ
အနှစ်မရှိတဲ့ အကာ။ ။
ငါနဲ့ငါက လွဲရင်
ငါ့မှာ ငါဘဲ ရှိတယ်
အဲဒီ့ ငါတောင်ဖျောက်ရမတဲ့။ ။
အရုဏ်တက်မနက်
ငါ့ဝင်သက် ထွက်သက်ရဲ့ အသံ
ကာရန်တွေ မမှန်ချင်ဖူး။ ။

In: ကဗျာ Posted By: Date: Aug 17, 2011
Comment #1

အနှစ်မရှိတဲ့ အကာ။ ။
ငါနဲ့ငါက လွဲရင်
ငါ့မှာ ငါဘဲ ရှိတယ်

ကောင်းပါတယ်

commentinfo By: virus at Aug 17, 2011
Comment #2

အရုဏ်တက်မနက်
ငါ့ဝင်သက် ထွက်သက်ရဲ့ အသံ
ကာရန်တွေ မမှန်ချင်ဖူး။ ။

Comment #3

အရုဏ်တက်မနက်
ငါ့ဝင်သက် ထွက်သက်ရဲ့ အသံ
ကာရန်တွေ မမှန်ချင်ဖူး။ ။

commentinfo By: May Kha at Aug 17, 2011
Comment #4

ငါနဲ့ငါက လွဲရင်
ငါ့မှာ ငါဘဲ ရှိတယ်
အဲ့ဒီ ငါတောင်ဖျောက်ရမတဲ့ ။ စာသားလေး လန်းတယ် ဆန်းတယ်ဗျာ အားပေးသွားတယ် ။

commentinfo By: X - ray at Aug 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment