Professional Authors

ရတနာ (၁၃)

ရတနာ(၁၃)

သူစိမ်းပဲရယ်လို့
အစိမ်းခွဲတာလား အချစ်ရယ် ………..

မတွေ့တစ်သက်ဝေးတောင်မှ
တစ်နေ့တစ်ရက်ကလေးပင် ဘယ်လိုမေ့ရမလဲ
နေ့ညမခွဲ ထာဝစဉ်ကွယ်………….

တစ်ရံရောတွင် အမှတ်တရကလေးတွေက
သံယောဇဉ် ဖြတ်မရသေးအောင်ပေါ့
အတွေးမှာ အစဉ်မြဲပါလို့
ရင်ထဲထိ အမြစ်တွယ်
အချစ်ရယ် … မေ့နိုင်ပါ့မလား ။

တစ်မျက်နှာကို ကဗျာအဖြစ် ကြည့်ပါလို့
တစ်သက်တာဆို တစ်ခါ ချစ်မိသော်လည်း
အပြစ်ရှိသလို သူ့ကို ညှဉ်းလေသလား
ရင်တွင်းမှာ အပူကို မမျှချင်တော့
သူ့ဘဝလေး သူပျော်စေချင်မိ
ခေါ်နေလျှင် သူအလာ ခက်ချည်ရဲ့
ရာသက်ပန် လက်ဆောင်အလွမ်းတွေနဲ့
ပြန်လမ်းဆီ ဟိုအဝေးကိုမှန်းကာ
လှမ်း၍ လှမ်း၍ ကမ္ဘာတွေခြား
(အချစ်ရယ် ……..) ချမ်းမြေ့ ……. ချမ်းမြေ့ ပါစေသား ………….။

Comment #1

တစ်သက်တာဆို တစ်ခါ ချစ်မိသော်လည်း
အပြစ်ရှိသလို သူ့ကို ညှဉ်းလေသလား
ရင်တွင်းမှာ အပူကို မမျှချင်တော့
သူ့ဘဝလေး သူပျော်စေချင်မိ
ခေါ်နေလျှင် သူအလာ ခက်ချည်ရဲ့
ရာသက်ပန် လက်ဆောင်အလွမ်းတွေနဲ့
ပြန်လမ်းဆီ ဟိုအဝေးကိုမှန်းကာ
လှမ်း၍ လှမ်း၍ ကမ္ဘာတွေခြား
(အချစ်ရယ် ……..) ချမ်းမြေ့ ……. ချမ်းမြေ့ ပါစေသား ………….။

commentinfo By: May Kha at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment