Professional Authors

လူ

ဇာတ်တူသားကိုမှ….
မက်မက်..စက်စက်….
ငါက… ပိုနှစ်သက်တယ်……………

ဘယ်သူပဲ သေသေ…..
ငါဆိုတဲ့.. ငတေ မာဖို့က အဓိက….
သူများ မျက်ရည်ပေါက်ကြီးငယ် ကျမှ……..
ငါ့ အောင်မြင်မှု.. ပိုလှပမှာလေ…………..

စာနာစရာမလို…
ကိုယ်ချင်းစာတရားဆိုတာ အလကား…
ဘယ်တော့မှ .. မသနားနဲ့….
အမြှီးကျက်.. အမြှီးစား…
ခေါင်းကျက်.. ခေါင်းစားမှ…
ငါ့ အတ္တက.. အကောင်ထွားမှာပေါ့………

အစွယ်ရှိသူတွေကို ရိုက်ချိုး…
အစွမ်းရှိသူတွေကို ချောင်ထိုးလို့..
နလပိန်းတုံးတွေကို မွေးမြူ….
ဝါးလုံးခေါင်းထဲမှာ.. ငါ့ဟာငါ အလံထူမယ်………..

ဘီလူးစည်း.. လူ့စည်း….
ဘာစည်းမှ မရှောင်နဲ့…..
ရသမျှအကုန်…. စုပုံယူလိုက်…..
အူမတောင့်မှ …
ဘ၀ကူးကောင်းဖို့….သီလစောင့်မယ်……………

ဘယ်သူတွေ လက်ညှိုးထိုးတာကိုမှ ဂရုမစိုက်….
ငါ့စရိုက်နဲ့..ငါပေါ့….
အများအလည်မှာ.. တန်ခိုးထွား….
ငါ့အတွက်….
ဥစ္စာစီးပွားတိုးဖို့ အရေးကြီးတယ်……….။

ငါ ကျင့်သုံးတဲ့ ခံယူချက်အတွက်…
ဘယ်တော့မှ…ငါ မရှက်ဘူး….
ငါလိုလူစား……
လောကကြီးမှာ.. အများကြီးလေ……………။

လေးညှို့ရှင်

In: ကဗျာ Posted By: Date: Jun 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment