Professional Authors

၂၀၀၅

၂၀၀၅
……………

ဇကောထဲထည့်အလှိမ့်ခံရတဲ့ဇီးဖြူသီးတွေလို
စကားလုံးတွေနဲ့
ငါက မန္တလေးကိုရောက်တယ်
နင်က
ဆေးစက်တွေနဲ့
မုံရွာမှာကျန်ရစ်တယ်

၂၀၀၅က
နင့်ကိုကျောင်းထုတ်လိုက်တယ်
ငါ့ကိုတော့
အိမ်ကနှင်ချတယ်

ငါတို့အတွက်
လမ်းက
စာသင်ကျောင်းဖြစ်ခဲ့တယ်

In: ကဗျာ Posted By: Date: Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment