Professional Authors

“ပစ္စက္ခသကြားခဲများ”

မီပန်းလင်းသလို မီးလုံးလဲလင်းတယ်

မီးပန်းလင်းတော့ပြာ

မီးလုံးလို နောက်တစ်ခါပြန်လာသလား

“အသစ်မပါဘဲ စာမရေးနဲ့”  တဲ့  ဆရာကြီးရဲ့စကား

ပဒေသရာဇာအစ  မြို့မငြိမ်းအလယ်  ဇေယျာလင်းအဆုံး

လမ်းဖောက်သူအားလုံးကိုလေးစားတယ်

အရက်သောက်မှ  မူးတာမဟုတ်

သကြားဖြစ်မှ  ချိုတာမဟုတ်

ကိုယ့်သွေးတိုးနဲ့ ကိုယ်မူး  ကိုယ့်ဆီးချိုနဲ့ ကိုယ်ချို

ချစ်ကွဲညားလောက်နဲ့လဲ အနုပညာကို အိုးမဲမသုတ်ချင်

ဗျည်းနွဲ့ကိုအမွှန်းတင်ဖို့အတွက် ဗညားနွဲ့ကိုလည်း မရှုံ့ချချင်

သည်ကဗျာ  မြင်ရတာ မျက်စေ့ခါးရင် Block လိုက်ပါ

နိုင်ငံရေးနဲ့ အချစ်အကြောင်းမပါဘူး………..

 

                                      (သုဆက်လင်း)

In: ကဗျာ Posted By: Date: Jun 9, 2013
Comment #1

ဟုတ်ကဲ့

commentinfo By: Blueskymoe at Jun 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment