Professional Authors

အဲဒါလား အချစ်ဆိုတာ

အကြင်နာတွေပေးပြီး
တမင်ခွဲခွာတာလား ချစ်သူ……….
ပျော်စရာများတဲ့ ကိုယ့်ဘဝထဲ
ဘာလို့များ  အလိုမကျဖြစ်ရတာလဲကွာ……..

မနေချင်ရင် ပြောပါ
မတားထားပါဘူး
ဒါပေမဲ့ ပျော်စရာနေ့လေးတွေကို
ဖျက်ဆီးမသွားပါနဲ့
အိပ်မရမှာဆိုးလို့ပါ………….

ရင်ခုန်သံတွေမရပ်သေးပါဘူး
အသွင်သွင် စီးနေတဲ့ စမ်းငယ်လို
ကိုယ့်အချစ်ကလည်း စီးဆင်းနေဆဲပါ…………

အရမ်းချစ်တာပဲဆို
ဘယ်လိုဖြစ်ရတာလဲ
တမင်ခွာတာတော့ မဟုတ်လောက်ပါဘူး
အသစ်တွေ့လို အဟောင်းမေ့တာလား………

မင်းသာပျော်မယ်ဆိုရင်
ကောင်းကင်ကို ဒူးနဲ့တိုက်ဆိုလည်းတိုက်ပါမယ်……
မင်းရော လုပ်နိုင်ရဲ့လား…………..

အခြေမတူဘဲနဲ့များ
ဘာကြောင့် ငါကို အံတုချင်ရတာလဲကွာ
အချစ်ကို အပြစ်မယူဘဲ ချစ်ဘူးလို့လား………………….

ယုံကြည်မှုမရှိဘဲ
အချစ်ဆိုတာ မပေါ်လာသလို
သံစဉ်မရှိတဲ့ ဂစ်မှာလည်း
သံစဉ်မတွေ့နိုင်ဘူးဆိုတာ မင်းသိသင့်ပါတယ်……….

အချစ်ဆိုတာ ချစ်နေဖို့ပါပဲကွာ……..
မကွန့်ချင်စမ်းပါနဲ့
အန္တရာယ်များလွန်းတယ်……………..

မျက်ရည်ဆိုတာ နှလုံးသားကထွက်လာတဲ့သွေးပါ
ရှုံးမှန်းသိပါလျက်နဲ့ ရှေ့ဆက်တိုးနေတာ ငါအမှား………..
အဲဒါလား အချစ်ဆိုတာ…………….
                                                    စိုး………………………..
 

In: ကဗျာ Posted By: Date: Jan 18, 2012
Comment #1

bar pyaw ya hman taung ti dot bu,,
a chit si tar chit nay phoe par pe,,hote de,
1 khar 1 lay kya yin ne ne dot kyin nar pya ya de,,ti lar?
ne ne phyit phyit care loak pay ya de,,he,,hee,,

commentinfo By: ei lay at Jan 18, 2012
Comment #2

အချစ်ဆိုတာ ချစ်နေဖို့ပါပဲကွာ……..
မကွန့်ချင်စမ်းပါနဲ့
အန္တရာယ်များလွန်းတယ်……………..

မျက်ရည်ဆိုတာ နှလုံးသားကထွက်လာတဲ့သွေးပါ
ရှုံးမှန်းသိပါလျက်နဲ့ ရှေ့ဆက်တိုးနေတာ ငါအမှား………..
အဲဒါလား အချစ်ဆိုတာ…………….

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 18, 2012
Comment #3

အခြေမတူဘဲနဲ့များ
ဘာကြောင့် ငါကို အံတုချင်ရတာလဲကွာ
အချစ်ကို အပြစ်မယူဘဲ ချစ်ဘူးလို့လား………

commentinfo By: May Kha at Jan 18, 2012
Comment #4

Thanks to Me Ei, Ko Zaw That Oo and May Kha

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment