Professional Authors

ကတိတစ်ခုဧ။် နိဒါန်း

ငါ……………..
မြင်တက်တာမဟုတ်ပါဘူး….မေ
မင်းညွှန်ပြတာပါ
ဘ၀လို့ ပီပီသသခေါ်ဖို့ လောက်တော့ 
ငါ့ ပါးစပ်တွေကိုလဲနည်းစနစ်ကျတဲ့
ပုံသေနည်းတွေနဲ့ ဘောင်ကွပ်ရအုံးမှာပဲလေ
မင်းရဲ့ မုတ်သုန်ရာသီတွေနဲ့ 
အချိတ်ဆက်မိမိကကြိုးစဉ်နေတိုင်း
ငါက…………
ကိုလေးဖြူသီချင်းတွေညဉ်းရင်း
ဘ၀ကိုခဏလေးပါပဲလို့ တော့ 
ခဏခဏနှစ်သိမ့် နေတာ
မနေ့ က…………………
မင်းရဲ……………………
.့ မင်းရဲ့ ကကွတ်တွေ
ဖရိုဖရဲဖြစ်နေတာတွေ့ မှ
ငါ့ ကိုယ်ငါခြုံငုံမိတယ်ကွယ်
တစ်ကယ်ဆို……………………………….
ပါရမီဖြည့် ဖို့ လောက်မတက်နိုင်ရင်တောင်
ငါ့ ကဗျာတွေထဲမှာမင်းကို
ချွေးသိပ်စေလောက်တဲ့ အားဆေးလေး
ငါဘာကြောင့် မတိုက်ကျွေးမိပါလိမ့် 
မေ………………………………………
ငါကိုယ်တိုင်ငါ့ ရာသီတွေဖောက်ပြန်နေပါတယ်လို့ 
ဘယ်သူကိုမှမတိုင်တန်းခဲ့ ပေမဲ့ 
မင်းကတော့ ငါ့ ကဗျာထဲမှာ
ပြုံးလို့ ရွှင်လို့ ပေါ့ …………………………….
ခမ်းနာတဲ့ မင်းရဲ့ တိုက်ပွဲတွေထက်မှာ
ငါကသူရဲဘောကြောင်တဲ့ စစ်သူကြီးပေါ့ 
အဲ့ လိုတွေးထင်မိစဉ်တိုင်း
ငါမနေ့ ကသေဆုံးသွားပြီလို့ လဲ
ကိုယ့် ကိုကိုယ်အားပေးလိုက်သေးတယ်
ဒီနေ့ နဲ့ မနက်ဖြန်ဟာ
တစ်ကယ်တော့ သိပ်ခြားနာလွန်းတယ်လို့ 
တစ်ခါမှသီကျူးးဖို့ မအားလပ်သူရယ်
မင်းရဲ့ သမိုင်းစာမျက်နှာတွေထက်မှာ
ငါ့ကိုချန်ထားပစ်ဖို့ တောင်တန်နေပြီထင်ပါ့ 
ငါဟာအခုတော့ မင်းအတွက်
မွန်မြက်ခြင်းတွေကိုတခါမှပန်ဆင်မပေးနိုင်တဲ့ 
ခပ်ညံ့ညံ့သိုးမည်းတစ်ကောင်လို
ဘာကိုမှလဲလည်ပြန်မကြည့် မိပါလား
မေ………………………………………
မင်းသိတဲ့ သိုးမည်းက
့ခေါက်ရိုးကျိုးနေတဲ့ အမြင်တွေကို
အမြဲတမ်းစားသုံးနေပြီလို့ ခပ်နာနာ
တွေးနေပြီလား………………………..
မနက်ဖြန်ဆိုတာမျော်လင့် ချက်ကို
ထုလုပ်ပေးမဲ့ ရောင်စဉ်တန်းတစ်ခုပါမေ
မင်းအတွက်ငါက………………
မနက်ဖြန်တွေဖြစ်ရပါစေမယ်
မနက်ဖြန်တွေပေါ့ …………………….

                                                              ကဗျာရေးသူ —- ဆရာမင်းလူန ဧ။်ကဗျာအားကူးယူဖေါ်ပြသည်။

In: ကဗျာ,Others Posted By: Date: Jun 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment