Professional Authors

ခြင်္သေ့မင်းရဲ့ ဇွဲ

ရှင်သန်နေတဲ့ အချိန်တိုင်း

အားမာန်တွေ အပြည့်နဲ့

လှုပ်ရှားသက်ဝင်နေမှာပါ..။

 

ကောင်းတဲ့ အချက်အလက်တွေနဲ့

ကောင်းမှုတွေကို ရှာဖွေနေမယ်

အတ္တမပါဘူး စွမ်းအားသာတယ်

ဝီရိယမညံ့ဘူး ခွန်အားရှိတယ်

အချိန်တိုင်း ဟောက်သံလို့ ထင်မယ်

အသံကြောင့် ဖားသေတာမျိုးမဟုတ်ဘူး

လုပ်ဆောင်ချက်နဲ့ တပြေးညီရှိတဲ့

ခြင်္သေ့မင်းရဲ့ ဇွဲသတ္တိပဲ..။

 

လုပ်နိုင်တဲ့အထိ ခွန်းအားဆွဲထုတ်ပစ်မယ်

ကိုယ့်အတ္တအတွက်တော့ မဟုတ်ဘူး

ဘယ်သူ့အတွက်လည်း မေးရင်

ငါ မဖြေနိုင်သေးပေမဲ့ စောင့်ကြည့်သူတွေရဲ့

အကြည့်မှာ ထင်သာနေမှာ အမှန်ပဲ

အဲဒါ ငါ့ အတ္တ မဟုတ်တဲ့ ခြင်္သေ့မင်းရဲ့ ဇွဲ..။

 

ကုန်ဆုံးတော့မည့် နေ့ရက်ရောက်လာရင်တောင်

စွမ်းအားမရှိသော်လည်း ဇွဲစိတ်သန်သန်နဲ့

ငါ့ ဟိန်းဟောက်သံကို သူတို့ကြောက်လို့

ထွက်ပြေးခဲ့တာ ခြင်္သေ့မင်းရဲ့ ဇွဲသတ္တိပါ..။

 

တက္ကသိုလ်မြတ်မင်း

 

In: ကဗျာ Posted By: Date: May 20, 2012
Comment #1

nice

commentinfo By: ei lay at May 20, 2012
Comment #2

ရည်ရွယ်ချက်ရှိသူသာ တန်ဘိုးနားလည်မှာပါ…
အိလေးရေ… စာတော်တော် ဖတ်တယ်နော်…
အတွေးအခေါ်တော်တော် ကောင်းမယ်…
ခင်မင်စွာဖြင့်
တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at May 21, 2012
Comment #3

he,,he,, 🙂 u r welcome.
thz so much for ur flattering words.
i love it so much.

actually,i m not clever as u think.i m childish selfish funny stupid girl.
but honesty & cute style is my image.he,,he,, (just boasting u)

as a friend,,,,
is there anything i m wrong,plz don’t hesitate to let me know.
i m warmly welcome.

commentinfo By: ei lay at May 21, 2012
Comment #4

အိလေးရေ… ညီမလေး တယောက်လိုပဲ ခေါ်တော့မယ်..
အဲဒါဆို စကားတွေ မမှားတော့ဘူးပေါ့…
မဟုတ်ဘူးလား..
ခင်မင်စွာဖြင့်
တက္ကသိုလ်မြတ်မင်း

commentinfo By: venpunna at May 21, 2012
Comment #5

why not?
as u like,brother,

commentinfo By: ei lay at May 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment