Professional Authors

ဒေါက်ဖိနပ်စီးထားသော ` မြစ် ´

အို…ကမ္ဘာမြေ…
ဟန်ဆောင်ခြင်းတွေ ထည်လဲသုံးပြီး
သင်လည်းပဲ ရိုးသားစွာကောက်ကျစ်တတ်နေပြီ
ရိုးရိုးလေးပါပဲ။  
တစ်ချိန်က…
ဒန်တွေဝယ်တယ် ၊ ကြီး (ကြေး) တွေဝယ်တယ်
ဖြူစင်ခြင်းရဲ့ ဂုဏ်သိက္ခာတရား
ဘော်တယ်ကုလားဆီ လဲလှယ်လို့ ရရင်
ကျုပ်လည်း ထုတ်မသုံးဖြစ်ချင်တော့တဲ့
ရိုးသားခြင်းများ ဥပေက္ခာပြု ချောင်ထိုးထားချင်တယ် ။
အို…ကမ္ဘာမြေ…
သင်ကောင်းချင်ရင် ကောင်းတယ်
သင်ဆိုးချင်ရင် ဆိုးတယ်
နွေ ၊ မိုး ၊ ဆောင်း
အမျိုးမျိုးပြောင်းလဲ
သင်ကြိုးဆွဲတဲ့ ပြောင်းလဲခြင်းသစ္စာ
ကျုပ်လည်း မရူးယုံတမယ် ချာလည်လှည့်ပတ်
ချစ်တယ် ၊ မုန်းတတ် ပြောင်းလဲ တတ်ချင်တယ် ။
အို…ကမ္ဘာမြေ…
စုတ်ချက်တွေနဲ့  လှည့်စား
သင်ရေးဆွဲ တဲ့ ခွဲခွါခြင်း ပန်းချီကား
အရမ်း တဖက်သတ်ဆန်တယ်
ကြိုးမဲ့ ချည်နှောင်ခြင်း အတတ်
 သူမ တတ်မြောက်ခဲ့လေသလား
သစ္စာမဲ့ခြင်းဇာတ် အဆုံးမသတ်ခင်
ခြေဖျားထောက်ပြီးလှည့်ထွက်
ဝေးရာသို့ ထွက်ပြေး
ကျုပ် တစ်ယောက်တည်း
တိတ်တိတ်လေး အော် နေမိတယ်

In: ကဗျာ Posted By: Date: Jun 5, 2013
Comment #1

နှစ်သက်ခြင်းများစွာဖြင့် …. ကွန်းမန့်ပေးဖြစ်ခဲ့ပါသည်

commentinfo By: အသဲကွဲမိုး at Jun 5, 2013
Comment #2

မပူပါနဲ့
အဲလို လူ တွေ ဝဋ် လည် မှာ။

commentinfo By: ei lay at Jun 6, 2013
Comment #3

မမ နှစ်ယောက်ကို
…ကျေးဇူးတင်ပါတယ်

commentinfo By: ZzzZ at Jun 6, 2013
Comment #4

ကောင်းတယ်ဗျာာာ။ ကဗျာ နာမည်က ကဗျာနဲ့ သိပ်လိုက်ဖက်တယ်။ ဒေါက်ဖိနပ်စီးတာက မိန်းမ မြစ်ဆိုတာ ကွေ့ကောက်တဲ့သဘော။ လိုက်တယ်။
ဒါပေမယ့် ကဗျာရှင်က နာမည်မထိုးထားတော့ ဘယ်လိုခေါ်ရမလဲသိဘူးဗျာာ။
ကျွန်တော်တစ်ခါပြောဖူးပါတယ် ကလောင်လေး တပ် ပေးရင် ကောင်းမယ်လို့
ဘာပဲဖြစ်ဖြစ်ဗျာ ကဗျာလေးက ကောင်းတယ် ။ ကို ZzzZ ရဲ့ ကဗျာတွေ လတ်ဆတ် ပါပေတယ်။
အားပေးလျက်
🙂

commentinfo By: zawthetoo at Jun 6, 2013
Comment #5

ကြိုးမဲ့ ချည်နှောင်ခြင်း အတတ်
သူမ တတ်မြောက်ခဲ့လေသလား ????

ကြိုက်နှစ်သက်မိပါတယ်။ ဇက်ဇက်ဇက်ဇက် ကိုကျေးဇူး။ အင်း ဇက်ကြောတောင်တက်သွားပြီ ကိုဇက်ရေ။ 🙂

commentinfo By: moezat at Jun 6, 2013
Comment #6

ကျေးဇူးတင်ပါတယ် သယ်ရင်းတို့ ရေ….
ကျနော်က ၀ါသနာပါလို့ သာကဗျာရေးဖြစ်သွားတာ
ကလောင်နာမည်တော့ အခု ထိမစဉ်းစားဖြစ်သေးလို့ ပါ။ အမြန်ဆုံး နာမည်ပေးကင်ပွန်းတပ်ဖို့ ကြိုးစားနေပါတယ်…။
🙂

commentinfo By: ZzzZ at Jun 6, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment