Professional Authors

ကြိုးစား………….

“တတ်ချင်ရင် … …. သင်

တော်ချင်ရင်……….ကျင့်

မမေ့ချင်ရင် ……….စိတ်ဝင်စား

မမှားချင်ရင်……….ပြန်စစ်.” တဲ့

မှန်လိုက်တဲ့ ……..စကား

ဒို့လူငယ်တွေ ……အတွက် .

နာယူစရာ ………အသင့်

ရှေးလူတွေ ……..ထုဆစ်ခဲ့တဲ့  

ဒဿန  ………….ရတနာတွေ

ဒို့တတွေ ……….တန်ဖိုးရှိအောင်

သုံးကြစို့…. နော်…သူငယ်ချင်း . ။

 

ဒို့ငယ်ငယ်က

ဒို့ဆရာတွေ …….. ပြောခဲ့ ဆိုခဲ့

ဆိုဆုံးမခဲ့ကြ………ဘဝနောင်ရေး

ရည်ရွယ်ပန်းတိုင် …ဘယ်မှာစိုက်မလဲ

အကြိမ်ကြိမ် ………မေးခဲ့တယ် .

အဲ့ဒီ့အချိန် ………..ငါတို့ ဘယ်နား

စိုက်ထိုးရမှန်း   ……မသိခဲ့ဘူး……….သူငယ်ချင်း..။

 

အရွယ်ရောက်လာ… ကြီးပြင်းလာသော်မှ

ငါတို့ပခုံးထက် …..  ပန်းတိုင်ကြီးထမ်းလို့

စိုက်ထိုးမဲ့ နေရာ …. ငါတို့ ရှာခဲ့

ဟိုနား ကောင်းနိုး … ဒီနိုးနိုးနဲ့

ခရီး …….တော်တော် ရှည်ခဲ့ပြီ…သူငယ်ချင်း .။

 

တစ်ချို့တွေစိုက်ကြ ……. မြေရိုင်း ၊မြေလှ

ဖွတ်တက်မြေကြီး…………အသီးသီးရှိခဲ့တယ် ….. သူငယ်ချင်း…။

 

တစ်ချို့တွေလည်း …. ကြီးလွန်းပန်းတိုင်..

ခါးမခိုင်လို့…………….ပခုံးထက်လွှင့်ပစ်

ငါမလိုချင်ဘူးလို့ ……. ပြောခဲ့တယ် ……သူငယ်ချင်း …….။

 

တစ်ချို့တွေမှာ ………. ဇွဲသန်စိတ်ထက် .

အားမာန်တက်လျှက် … ပန်းတိုင်စိုက်ရာ

ထိုနေရာကို …….သူတို့. ..ရောက်အောင် သွားကြတယ်.သူငယ်ချင်း ….။

 

ဒီတွင် အဆုံးအဖြတ် သုံးသပ်ကြသည် ……

ကိုယ်သယ်ကိုယ်ပိုင် အဆင့်တက်လှမ်း

နေရာစုံကို သူတို့ ခြေဆန့်ကြတယ် … သူငယ်ချင်း…။

 

နေ့စဉ်ရက်ဆက် . .. မသေသည့်တိုင်

ဒို့တတွေသွား … ထိုလမ်းများ၌

အဆောင်ယတျာ …စိတ်ထားလိုတယ် …. သူငယ်ချင်း..။

 

တခါ……….တခါ 

ရှည်ကြာခက်ဝေး …… ခရီးထောက်လည်း

လမ်းတွင်သုံးစွဲ ……… ဇွဲလည်းလိုတယ် .. သူငယ်ချင်း..။

 

နေပူမိုးရွာ ချိန်ခါမဆိုင်း

ဘေးရန်ဟူသမျှ အကာအကွယ်ရဖို့ ..

“ဆုံးဖြတ်ချက်” လည်း … လိုတယ် သူငယ်ချင်း…။

 

ဘဝ… ဘဝ… “ဘ” နဲ့ “ဝ” ကို

ဘယ်၍ …. ဘယ်ပုံ

အချိုးစပ်မလဲ …. တွေးကြည့် ကြံဆ

ရောင်စဉ်တွေလွဲ မတူခြားနားမှုတွေလောက်သာ

ကွဲပြားကြတာပါ …… နောက်ဆုံးတော့ ..

ဘဝ ဟာ …. ဘဝပါပဲ .. …..သူငယ်ချင်း……..။

 

နောက်ဆုံး .. ဆန္ဒ

မင်းအတွက် …. ပြုမည်………။

“အိုကေ” …… သူငယ်ချင်း

ကောင်းကင် တမွှတ် .. ကြယ်ကိုဆွတ်ဖို့ ….

“မင်းကြိုးစားထား ”  လို့……………။

 

Saturday,June.12.2010

ဘာနေ…..

In: ကဗျာ Posted By: Date: Jun 12, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment