Professional Authors

ခွင့် လွှတ် ပေး ပါ

မနက်ခင်း မြင်လွှာ အပွင့်မှာ အလင်း မ၀င် ခင်
သူ့ မျက်နှာတော်လေး ကိုသာ မြင်နေချင်မိတဲ့အတွက်။

နေ့လည်ခင်း ထမင်းစားချိန်တိုင်း သတိတရနဲ့
သူ့အတွက် မေးမြန်းမိခဲ့သောကျွန်တော့်ရဲ့ အလိုက်မသိတတ်မှုတွေအတွက်။

ညနေခင်း အိမ်ပြန်တဲ့ အခါ တံခါးဝမှာ
သူသာ ရှိနေခဲ့ရင်အတွေး မမေးပဲ သိမ်းပိုက်ထားမိတာတွေအတွက်။

ညအချိန် တယောက်ထဲဖြစ်နေတဲ့အခါ သူ့ ပုခုံးလေး မှီလို့ အနာဂတ်တွေ ရေးခြယ်ချင်စိတ် တိတ်တခိုးအသက်သွင်းနေမိတာတွေအတွက်။

အိပ်ချိန်ရဲ့ နောက်ဆုံး အကြားအာရုံမှာ သူ့ရဲ့  စကား သူ့အသံလေးတွေနဲ့အဆုံးပိတ်လို့ 
အိပ်စက်ချင်သော ကျွန်တော့်ရဲ့ ရုးသွပ်မှုတွေအတွက်။

နေ့မဆိုင်း ညတိုင်း အခါမလပ် တွေးတောရှင်သန်
သူ့ဆီကကြွေကျလာမယ့် ချစ်ခြင်း တခုအတွက်

ကျွန်တော်
ကျွန်တော် လေ
အရှက်တရားတွေလည်း မဲ့ခဲ့ပါတယ်
အသွား/အပြန်တွေလည်း မေ့ခဲ့ပါတယ်
အမှား / အမှန် တွေလည်း မသုံးသပ်မိခဲ့ ဘူး။
(သူ့မှာ ပိုင်ရှင် ရှိ/မရှိလည်း မသိခဲ့ပါဘူး မေမေရယ်)

ကျွန်တော့် ရူးသွပ်မှုတွေရဲ့ အဓိပ္ပါယ်ဟာ သူပါ
သူဘယ်တော့မှ မသိမယ့် အကြောင်းအရာတွေရဲ့ ခေါင်းစဉ်ကလည်း ကျွန်တော့် အချစ်တွေပါပဲ

ပုံမှန်ပို့ နေဆဲဖြစ်တဲ့ မနက်ခင်း ညခင်းတွေရဲ့ စာတို စာကြွင်း
အချိန်တိုင်းစက္ကန့်တိုင်းနေရာတိုင်းမှာ ဆေးခြယ်သထားတဲ့ သူ့ရဲ့ပုံရိပ်များ
လွမ်းတေး ညည်းဆို လွမ်းခွင့်များအားလုံးကို

ရင်ဘတ်ထဲမှာပဲထာဝရသိမ်းဆည်းပိတ်လှောင်ခဲ့တယ်
။ရဲ ရင့် ဖို့ အတွက် မေမေ ကျွန်တော့်ကို ခွန်အားပေးပါ။

 

သော့ခတ်ထားပြီးဖြစ်တဲ့ ရင်ခွင် တွင်း ထွင်းလို့ မ၀င်ရက်ခဲ့သူဟာကျွန်တော်ပါ
ဒါဟာ သစ္စာတည်မြဲခြင်း ၀ိသေသ သူ့ထံမှာ အရောင်ထွက်စေဖို့ 
အနာကျင်ဆုံး အင်အားသုံးလို့ ပံ့ပိုးပေးခဲ့ခြင်းဖြစ်တယ်။သူကတော့ သိမှာမဟုတ်ပါဘူး မေမေ။


(ဒီဇာတ်လမ်းကို ဘယ်လိုအဆုံးသတ်သင့်သလည်း ပြောဖို့ မလိုလောက်အောင်ပဲ ကျွန်တော် တိတ်ဆိတ်လိုက်ပါ့မယ်)

 

သူမဟာသူ့ ကို (ကျွန်တော့်ထက်ပို)

ချစ်သည်/မချစ်သည်

နှိုင်းယှဉ်ပြဖို့  မလိုလောက်အောင်

သူမကို သူက ငြိတွယ်ခဲ့ပြီးလည်း ဖြစ်တယ်။
။ကျွန်တော် ဘယ်လို နည်းလမ်းတွေနဲ့မှ သူ့အနားမရောက်သင့်တော့ပါဘူး မေမေ။  ကျွန်တော် သိပါတယ် ။

 

ကြားခဲ့သမျှ စကားလုံး တွေ နှလုံးသားထဲ သံမှိုရိုက်သွင်း
ကျွန်တော် သူ့အတွက် ရုပ်ကြွင်းတစ်ခုအဖြစ်သာ ရွေးချယ်ခဲ့ပါတယ်

 

ဥပေက္ခာ  သုံး
(သူ့ ) စိတ်နှလုံးသားကိုခြွေမွထားသူ
အိမ်သူသက်ထား ရည်ရွယ်ထားတဲ့
(သူ့ ) မဟေသီလေးနဲ့ ပျော်ရွင် ချမ်းမြ ကြည်နူးနိုင်ပါစေသား။

 

ဘ၀တခုမှာ ပြန်လည်ဆုံစည်းခြင်း ဆုလာဒ် ကျွန်တော် ရခဲ့မယ်ဆိုသူ့ ရဲ့ အနား အမြဲ ခစားလို့ 
အရာအားလုံးထက် (သူ့ကို ) ပိုချစ်နိုင်သူ ဟာ ကျွန်တော်တယောက်ထဲသာ
ဖြစ်တဲ့အကြောင်း ပြောပြ အသိပေးခွင့်ရချင်မိခဲ့တယ် ။

ဒီအကြောင်းတွေအတွက် ကျွန်တော့်နှုတ်ခမ်းတွေ ထာဝရဆွံ့အနေမယ်လို့  ကတိပြုပါတယ်
။သူပျော်နေပါစေလို့  ဆုတောင်းပေးပါဦး မေမေ။

စက်တင်ဘာရောက်တော့မယ်
သူ့ရဲ့ ဥပေက္ခာ
သူ ရဲ့ သူစိမ်းကြည့်
သူ ရဲ့ သူစိမ်း ဆန်ဆန် စကားလုံး
သူ ရဲ့ wish    တွေ ………အားလုံး .(အားလုံးကို) ….ကျွန်တော်ကြောက်နေခဲ့ပါပြီ

။ကျွန်တော် ..သူ့ကို မသိချင် ခဲ့ ပါ ဘူး မေမေ။

In: ကဗျာ Posted By: Date: Jun 3, 2013
Comment #1

ချစ်တော့လည်း….ဒီလိုပါပဲလေ
..မမိုး ကဗျာတွေကတော့everရင်ထဲထိတယ်ဗျာ။

commentinfo By: poem.poem28 at Jun 3, 2013
Comment #2

နေ့မဆိုင်း ညတိုင်း အခါမလပ် တွေးတောရှင်သန်
သူ့ဆီကကြွေကျလာမယ့် ချစ်ခြင်း တခုအတွက်…..
……………………………………………..
ကောင်းလိုက်တဲ့စကားလုံးအသုံးအနှုန်းတွေ အားပေးသွားပါတယ်

တစ်ခုသိချင်တာ……ဘာလို့စက်တင်ဘာရောက်တော့မယ်
လို့ သုံးထားတာလဲ မသိဘူးနော်???

commentinfo By: နွေ at Jun 3, 2013
Comment #3

ဟင့်
ငိုလိုက်ပြီ
ငိုလိုက်ပြီ

commentinfo By: ei lay at Jun 3, 2013
Comment #4

စက်တင်ဘာဟာ ကျွန်တော့် မွေးလ ပါ … ဒါ့ကြောင့်ပါ

commentinfo By: အသဲကွဲမိုး at Jun 3, 2013
Comment #5

ချစ်ညီမ အိလေး ၊ ငိုပါနဲ့အေ … အားပေးကြတဲ့ ကျွန်တော့် အားဆေး လေးတွေကို ကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Jun 3, 2013
Comment #6

ပုံမှန်ပို့ နေဆဲဖြစ်တဲ့ မနက်ခင်း ညခင်းတွေရဲ့ စာတို စာကြွင်း
အချိန်တိုင်းစက္ကန့်တိုင်းနေရာတိုင်းမှာ ဆေးခြယ်သထားတဲ့ သူ့ရဲ့ပုံရိပ်များ
လွမ်းတေး ညည်းဆို လွမ်းခွင့်များအားလုံးကို

ရင်ဘတ်ထဲမှာပဲထာဝရသိမ်းဆည်းပိတ်လှောင်ခဲ့တယ်
။ရဲ ရင့် ဖို့ အတွက် မေမေ ကျွန်တော့်ကို ခွန်အားပေးပါ။

commentinfo By: zawthetoo at Jun 3, 2013
Comment #7

ကျွန်တော့် ရူးသွပ်မှုတွေရဲ့ အဓိပ္ပါယ်ဟာ သူပါ
သူဘယ်တော့မှ မသိမယ့် အကြောင်းအရာတွေရဲ့ ခေါင်းစဉ်ကလည်း ကျွန်တော့် အချစ်တွေပါပဲ
စက်တင်ဘာရောက်တော့မယ်
သူ့ရဲ့ ဥပေက္ခာ
သူ ရဲ့ သူစိမ်းကြည့်
သူ ရဲ့ သူစိမ်း ဆန်ဆန် စကားလုံး
သူ ရဲ့ wish တွေ ………အားလုံး .(အားလုံးကို) ….ကျွန်တော်ကြောက်နေခဲ့ပါပြီ
မိုးနော်…..စက်တင်ဘာတောင် တူနေပီ
အရမ်းကြိုက်တယ် မိုးရယ်
တကယ်ကောင်းပါတယ်….။

commentinfo By: ကေသရီ at Jun 4, 2013
Comment #8

အမြဲတမ်း ငိုရအောင်မလုပ်နဲ့လေလို့
ဟင့်

အိ မငိုချင်ဘူး ။ ငိုရတာအရမ်းပင်ပန်းတယ်။


မမိုးကအရမ်းတော်တော့ ဘာရေးရေးအောင်မြင်နေတာ
မမိုးရေးလိုက်တိုင်း အရမ်းခံစားရလွန်းးးလို့
မမိုးမယုံရင် Poems corner ကသူတွေမေးကြည့်ကြည့်

ပျော်စရာ လေးတွေလဲရေးပေးပါကွာ။ နော်
plz

commentinfo By: ei lay at Jun 4, 2013
Comment #9

ကျွန်တော် ..သူ့ကို မသိချင် ခဲ့ ပါ ဘူး မေမေ

commentinfo By: ZzzZ at Jun 5, 2013
Comment #10

ကျွန်တော့် ရူးသွပ်မှုတွေရဲ့ အဓိပ္ပါယ်ဟာ သူပါ ….

ခံစားချက်များစွာအတွက် ခံစားချက်များဖြင့်အားပေးသွားတယ် ညီမလေး။

commentinfo By: moezat at Jun 6, 2013
Comment #11

ရက်ရက်စက်စက်ကို လှနိုင်လွန်းတယ်ဗျာ အစ်မတော်ရဲ့ အရေးအသားတွေက ~~

လေးစားစွာဖြင့်
ရေး

commentinfo By: X - ray at Jun 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment