Professional Authors

တကိုယ်ရည် ဆွမ်းသွပ်မှု

(၁)
ရင်ဘတ်ရဲ့ သေနေ့စေ့ချိန်မတိုင်ခင်
ပုံမှန်အသက်ရှုခြင်းများ မသိမသာရိုင်းခဲ့ချိန်တွေ
ထောင့်မကျိုးစွာနဲ့ပဲ ကံတရားက
လက်သည်းဖွက်ပြီး မဲဖေါက်တယ်
ကောင်းကင်တခုလုံး အဖြူရောင်အတိနဲ့ 
နိမိတ်ကောင်းဆောင်နေလေရဲ့
(အယောင်ဆောင်ထားတဲ့ နိမိတ်မှန်း မသိသေးချိန်)
ဆုံတွေ့ခဲ့တယ်ဆိုတာထက် ငါဝင်တိုက်ခဲ့တာပါ
ဘာကိုမှ ယိုးမယ်ဖွဲ့စရာမရှိလောက်အောင်ကို
အရာအားလုံး တခုတည်းလို့ ပေါ့လျော့စွာ
သက်ရှိအားလုံး အတိတ်မေ့စေ ဆိုပြီး
ထီးတွေဆောင်း လမ်းတွေလျောက်
မှတ်တိုင်မပျောက်ခင်အထိပေါ့
အသွားမသိအပြန်မရှိ မျော်လင့်ခြင်းကင်းမဲ့
သက်တန့်တွေကိုတောင် အရောင်ထပ်ဆိုးချင်ခဲ့ကြတယ်
အရာအားလုံးလှချင်တိုင်းလှ တကမ္ဘာလုံးရဲ့ သိက္ခာ တရားကို
တယောက်တည်း သိမ်းကြုံး ယူချင်တော့
အလံရုတ်သိမ်းချိန်မှာတောင်
အလင်းမဲ့ချိန်ကို တော်လှန်းနေမိတယ်
(၂)
ပေါင်းစည်းခြင်းအက္ခရာ တလုံး 
အပယ်ခံခဲ့ရပေမယ့်
သံယောဇဉ်ကြိုးလို့ ထင်အမှတ်နဲ့ 
ရုန်းကန်ခြင်း ကင်းမဲ့စွာပဲ အော်ဟစ်ရယ်မောပြီး
တုတ်နှောင်ခံလိုက်တယ်
အမှန်တကယ်တော့ အဲနောက်ကွယ်က
နဖားကြိုးဆိုတာကြီး လုံးဝကို ရုန်းမရမှန်း
အချိန်တွေ တိုက်စားမှုကြောင့် 
ခိုင်သထက်ခိုင်ခဲ့ရပြီး
ပီပြင်တဲ့ ပြဇာတ်တပုဒ် 
ရိုးသားမှုကိုပဲ ရှေးတန်းထုတ်ပါရစေ
(၃)
ဦးနှောက်နဲ့ နှလုံးသားချိတ်ဆက်မှု မရှိအောင်
ရေစီးကမ်းပြိုလိုက်နေတဲ့ သဘောတရားက
မျက်ရည်ဆိုရင် အစိမ်းလိုက်ခွဲ
ကျိန်စာမလိုတဲ့ ကြေကွဲမှု
ငါဒူးမထောက်သည့်တိုင်အောင်
ဒူးအစုံကို မင်းရိုက်ချိုးပစ်နိုင်ခဲ့ပါတယ်
မင်းအနိုင် မလိုချင်ခဲ့ဘူးဆိုတော့လည်း
ငါရခဲ့တဲ့ အရှုံးကလည်း ငါ့ရဲ့လိုအပ်တဲ့ဖန်တီးမှု
ဖိတ်စာအဖြစ်နဲ့ အရိပ်စွန့်ခွာမှု
တရားတော် ရေစက်တွေပေး ဝေးစေပေါ့……
အဲ့ဒီထက်ပိုဝေးနေပါစေပေါ့………..
(၄)
မင်းတံခါး ပိတ်သံကြားလိုက်ရပါတယ်
နူးညံတဲ့ တောင်းခံချက်တွေရှိပါတယ်
ရက်စက်မှုတချို့နဲ့ ငါလဲ ချင်သေးတယ်
အောက်ကျတဲ့ မျော်လင့်ခြင်းတွေရှိတယ်
ကောက်ကျစ်တဲ့ မာယာတချို့နဲ့ ငါလဲချင်သေးတယ်
အ၀င်အထွက် မမျှတလည်း တပတ်လည် 
ဆုံတွေ့မှုလောက်ရှိနေအုံးမှာပါ
“မိမိပြုသော မကောင်းမှု မိမိဆီပြန်လာတယ်တဲ့”
“ငါပြုသော မင်းအတွက်ကောင်းမှု အဝေးသို့ ထွက်သွားစေ”ဆိုပြီး
အမျှဝေသံ အသနားမခံပါချင်ဘူး
ပတ်သက်မှုကို ထုံးသုတ်လည်း ကြားအရောင်ပါရင်
ပြောင်းသွားတက်တဲ့ အနာဂတ်ကို ငွေ့ရည်ဖွဲ့ရင်း
…………………

(၅)
ကြားထဲရောက်နေတော့လည်း
မှန်မလိုနဲ့မှားနေတဲ့အရာတွေပေါ်လို့နေတယ်
အိပ်ရာက လန့်နိုးတယ်အိမ်မက်အတု
လက်ပြနှုတ်ဆက်တယ် လမ်းခွဲခြင်းအတု
လက်ဘတ်တွေနာကြင်တယ် …အဲ့ဒါလဲ အတုပဲလား
မတတ်နိုင်တဲ့ အဆုံး ခံစားချက်ကို
ခွက်ထဲထည့်ပြီး 
သူနိုင် ကိုယ်နိုင်ခေါက်ကြရအောင်

ap

In: ကဗျာ Posted By: Date: May 30, 2013
Comment #1

မိုက်တယ်ဗျာ

commentinfo By: shinelalin at May 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment