မီးတွေကိုလောင်ကျွမ်းသွားသော အချိန်
မင်းရင်ထဲမှာစစ်မှန်တဲ့အချစ် တကယ်ရှိနေတယ်ဆိုရင်
အရာရာကိုဖန်ဆင်းဖို့ မင်းကိုယ်တိုင်တောင်တားလို့မရဘူး
ဟုတ်တယ် ! အချစ်ဆိုတာနီးတာဝေးတာနဲ့မဆိုင်ပေမယ့်
ဝေးကွာနေကြသူအတွက် နားလည်ပြုစုတတ်ဖို့တော့လိုမယ်
ငါတို့တွေကနီးပြီးမှ ဝေးကြတဲ့ချစ်သူတွေမဟုတ်ဘူးဆိုတာ
ငါနားလည်သလို မင်းခံစားတတ်ခဲ့မယ်ဆိုရင်သိပ်ကောင်းမှာပဲ
ချစ်ခြင်းမေတ္တာမရှိလို့ အချိန်မရှိတာကိုငါနားလည်ပေမယ့်
အချစ်ရှိပြီးအချိန်မရှိတဲ့အကြောင်း ငါစိတ်မ၀င်စားတော့ဘူး
မင်းရင်ဘတ်ထဲမှာနေရာဆိုတာရှိရင် အပြင်မှာနေရာရှိမယ်
အချစ်တွေကအသိုက်ဖွဲ့ဖို့ အချိန်တွေကိုဖမ်းဆုပ်လို့မရခဲ့ဘူး
ငါဟာမင်းဘ၀အတွက် လှောင်အိမ်ထဲကငှက်တစ်ကောင်လား
အချိန်ဆိုတဲ့လေပြေ တစ်ခဏတာဟစိဟစိတိုက်ခတ်ယုံနဲ့
ဆာလောင်မွန်းကြပ်နေတဲ့နှလုံးသား အဟာရမဖြစ်ခဲ့ဘူး
အေးလေ! နောက်ဆုံးတော့လည်း အချိန်ဆိုတာကပဲ
အချစ်ကြောင့်ဆာလောင်နာကျင်နေတဲ့ ငါ့ရဲ့နှလုံးသားကို
နာကျင်မွန်းကြပ်မှုအမျိုးအစားမခွဲခြားပဲ လောင်ကုသွားခဲ့ပြီ
မင်းနဲ့ပတ်သက်တဲ့သာယာကြည်နူးမှုတွေ မျှော်လင့်ချက်တွေ
နာကျင်မွန်းကြပ်မှုတွေ ဘာမှမကျန်ရှိတော့ဘူး
အခုချိန်မှာအဖြူသက်သက်နဲ့ နဂိုအတိုင်းအေးခဲသွားခဲ့ပြီ
သူငယ်ချင်းဆိုတဲ့စည်းဘောင်ကိုကျော်လွန်ပြီး ဘာကိုမှ
ထပ်မပြောချင်တော့သလို ဘာကိုမှလည်းထပ်မကြားချင်တော့ဘူး…
၂၇.၈.၂၀၁၁
ခွန်ကြယ်ဖြူ (ဆီဆိုင်)

Comment #3
@__@
@__@
                        By: ei lay at Dec 4, 2012
                    



 
Comment #1
ဖတ်သွားပါတယ်…အားပေးနေပါတယ်