Professional Authors

ဒီကဏ္ဍဟာ အရေးကြီးမှုထက် ပါဝင်ပက်သက်မှုအားကောင်းစွာ

ဒီကဏ္ဍဟာ အရေးကြီးမှုထက် ပါဝင်ပက်သက်မှုအားကောင်းစွာ

ကတ် … ခု ဒီကတ်မှာ တစ်ခန်းလည်းမရပ်ဘူး ဇတ်ပြတ်ဟာ
ခုသီချင်းနားထောင်နေတယ် ဒီနေ့ အတွက်သီချင်း
နောက်နေ့ မှာပုလင်းဖြစ်ချင်လည်းဖြစ်မယ် ဘူးဖြစ်ချင်လည်းပေါ့
ပုလင်းတူဘူးဆို့ တစ်ပေါက် တစ်ယောက်နဲ့ တစ်ယောက်တစ်ပေါက်
ငါ့ဦးလေးမလေးရှားပြန်လိုဆဲလိုက်ရ လန်ကျောက်ပဲ
ညီလေး မင်းသိပ်တော်တာပဲ ပေါ/ဖော တဲ့နေရာမှာ
ရပ်ကွက်ထဲမှာ ကဗျာဆရာတွေကို ချေးတယ်ဌားတယ်
စာရေးတာကလွဲပြီးမင်းစေလိုရာ သုံး သူတို့ ကသဒ္ဒါမတတ်ကြဘူး
ဖင်တော့မဆေးခိုင်းနဲ့  မင်းရုပ်ကတော်တော်နာတာပဲ
မင်းကတော့ တော်တော်ရှုပ်တာပဲ ငနာရဲ့
ခုနှစ်လနဲ့ မွေး ရုပ်ကလည်းအဖေနဲ့ မတူဘူး
လ မစေ့ ကြားကားစွဲ မွေးလာလို့ မင်းဂေါက်နေတာ
မကျေနပ်ရင် လည်းမြင်းစီးသလိုလုပ်ပြ သင်္ကေတဆဲနည်း
ကုတင်ပေါ်က ကကွက် စကားလုံးဆဲနည်း
အဲ့ဒါ လူကြားသူကြားဆဲနည်း
မကျေနပ်ရင်လည်း လေဖြတ် ချစ်စနိုး နဲ့ ဆွဲခိုင်း အစကို
အစသည် အစဖြစ်တဲ့အတွက် အစဟာ အစလို
နည်းနည်းလေးတိုတယ် ဒါပေမယ့်ပျံ့ထွက်မသွားအောင်
အောက်ကိုသေချာဆိုက်ထား လည်ပြန်ကြည့်
ပြန်လှည့်ကြည့် ကဗျာဆရာဆိုတာ ကပြာ မရေးဘူး
အရောင်ကို ပုံစံထု လူလိုထု ကပြာလိုထု
အရောင်ထုကြီး လူပုံစံအတုကြီး ဖောက်လွှဲပိတ်လွှဲ ကားချပ်အသေကြီး
အနုပညာကန်းသူ မြေအောက်သားတွေအတွက် ပျော်ပွဲစားရုံ
အလှူအတမ်းလည်းများများလုပ်လို့  ကောင်းရာသုဂတိလားပါစေ
မိနီ မီးနီနေတုန်းလမ်းကူးရင် မီးမသေဘူး
သမီးလေးနေ့ တိုင်းရွှင်လန်းနေရင်ဖေဖေလည်းပျော်တာပေါ့
ဒါပေမယ့် လင်းပွင့်မှုတွေအတွက်တော့အင်အားမရှိခဲ့ဘူး
လက်တွေက ရုတ်ရုတ်သဲသဲနဲ့  မွေးဖွားပေးမှုအတွက်ကျေးဇူးတင်ပါတယ်
အိုင်ထွန်းသွားလည်း ရေသောက်မြစ်ပဲ
စီးဆင်းမှု အရေးဆရာ အသားဆရာ ဆရာကဆရာ
ခင်ဗျားကဆရာ ခင်ဗျားက ခင်ဗျားဆရာ
သေချာတာကျွန်တော်တို့ ဟာမောင်ချောနွယ်ပြောခဲ့သလို
လမ်းတူရင် လူချင်းတွေ့ မှာပဲ
လူချင်းတွေ့ တဲ့အခါသာ ခင်ဗျားရဲ့ရသင့်မှု ရှိမှုအတွက်
အထူးသဖြင့် ခင်ဗျားရဲ့ ဘာသာဗေဒ အတွက်
ကျွန်တော်က ဇောင်းလူ က အထူးဝမ်းမြောက်မိပါကြောင်း
နောင်လည်းဝမ်းမြောက်သွားမည်ကို ( – ) မှ/သို့ ထုတ်ပြန်ကြေငြာ
ရေကြီးမိုးခေါင်မှုမှာ ပင်လယ်သေက လှေငယ်ကို
မိုးမှောက် ဇောက်ထိုး သူ့ ပါးဆောင်မှာခပ်ဟဟနဲ့ ငုံ
မင်းဟာမင်း မင်းဗီဇကိုသိဖို သိကိုသိရမယ်
အာရုံကနေ အာရုံခံစားမှုဆီကိုလည်း ပြောင်းလဲသင့်
မင်းနို့ စက်ခံဆို့ ခဲ့တာ မင်းအမေဆီမှာ
လောကအပြောင်းအလဲကိုတော့ မင်းကိုယ်တိုင်ဆုပ်ကိုင်ရမယ်
ငါတို့ လက်ထဲမှာ ကမ္ဘာဟာလည်းမီးထတောက်ကောင်းတောက်မယ်
ငါတို့ လက်ထဲမှာ ရိုးကျိုးတဲ့ခွေးတစ်ကောင်လည်းရှိမယ်
Gravity ဟာ ပန်းသီးတစ်လုံးလည်းဖြစ်နိုင်တယ်
မနာလိုမရှုစိမ့်ရင် ပုရစ်လေးတွေအော်သံမျိုးနဲ့ အော်
ဖန်တီးမှုမှာ ငါတို့ ဟာလောင်မြိုက်ခံ ရင်တွင်းဖော်ထုတ်သရုပ်ကောင်တွေ
အလှူအတမ်းများများနဲ့ နာမည်ကြီးကြီးတွေလည်းမလုပ်နိုင်ဘူး
ဆံပင်တောင် စပွန်ဆာစောင့်ညှပ်ရတယ်
တစ်ခါတစ်ခါလည်း ကဗျာဆရာ (ကေ) နဲ့ 
ဆံပင်ညှပ်လိုက်တယ် ဆံပင်လိုက်ညှပ်တယ်
လူတောမတိုးတော့ လေတိုးဖို့  ပြတင်းပေါက်ဖွင့်ထားတယ်
ငူငူငိုင်ငိုင်တွေးမိတွေးရာ သူအလုပ်လုပ်နေပုံဆိုတာ
လောကကိုဘောင်ခတ် သူ့ စာရွက်ထဲအချုပ်ကျဖို့ 
သူဟာ ကဗျာရေးဖို့ နူးနူးညံ့ညံ့ တွေးနေတယ်။

(ထင်တာပဲ)

ရေးသူ= ဇောင်းလူ

Friday Endings Poetry Beach

In: ကဗျာ,Others Posted By: Date: Nov 24, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment