Professional Authors

ချစ်

ချစ်

နင် ငါ့ကို သတိရနေပေးရုံနဲ့

ငါနေ့အစညအဆုံး လုံခြုံမှုတွေ ရှိတယ်…..။

 

ချစ်

နင် ငါ့အတွေးတွေထဲ ပါလာရုံနဲ့

ငါ့ကဗျာရသတွေ ထိရှနုရွလာတယ်…..။

 

ချစ်

နင် ငါ့အိပ်မက်ထဲ အလည်ရောက်ရုံနဲ့

ငါ့ မနက်ဖြန်တွေ တက်တက်ကြွကြွ ရွေ့လျားလို့ရတယ်….။

 

ချစ်

နင် ငါ့ခံစားချက်ထဲ ခိုနားရုံနဲ့

ငါ့မျက်ရည်တွေ ခမ်းခြောက်သွားတယ်….။

 

ချစ်

နင် ငါ့နေ့ရက်တွေ ခြယ်လှယ်ရုံနဲ့

ငါ့အရှုံးတွေ ကင်းမဲ့ကုန်တယ်…..။

 

ချစ်

နင် ငါ့နှလုံးသားထဲမှာရှိနေရုံနဲ့

ငါ့ကံကြမ္မာ တစ်ဘ၀စာ ခမ်းနားလို့နေတယ်….။    

 

ကေသရီ

 

In: ကဗျာ Posted By: Date: May 27, 2013
Comment #1

မိုက်

commentinfo By: zawthetoo at May 27, 2013
Comment #2

ချစ် သာအနားမှာရှိရင်အရာအားလုံးပြည့်စြုံပြီ

commentinfo By: ei lay at May 28, 2013
Comment #3

Good! တစ်ချို့နေရာလေးတွေ ခွဲရေးပေးရင် ပိုလှသွားမယ်ထင်တယ်။
အကြံပေးကြည့်တာပါ။

commentinfo By: winkokonaing at May 28, 2013
Comment #4

အားပေးသွားတယ် အစ်မ

commentinfo By: မေပျို at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment