Professional Authors

ဆွေးရိပ်-၁

ဆွေးရိပ်-၁

 

မျှော်လင့်ထားပါရစေ

ယုံကြည်ခြင်းတွေ ၁၀၀ % မလင်းလက်လည်း

တချို့တ၀က်လောက်တော့ သံသယကင်းကင်း တွယ်ငြိချင်မိတယ်……။

 

ငါတို့လက်ဖ၀ါး၂ခု မညီမျှသလိုပဲ

တခါတလေ ခံစားချက်တွေလည်း ပေါင်းစပ်မရတာတော့ရှိမယ်

ဒါပေမယ့် ချစ်

ငါ…… နင့်ဘ၀ထဲ တတ်နိုင်သမျှ စီးဝင်နစ်မျောကြည့်မှာပါ….။

 

အရှုံးနယ်နိမိတ်ထဲက ငါ……

နင်ရှိနေတယ် ဆိုတဲ့အသိနဲ့ တဖြည်းဖြည်း ရုန်းထွက်လာခဲ့မယ်

အနိုင်ယူမှုတွေ မပေးရင်နေပါ………..

ချစ်…..

…….နင့်ကိုတော့ ထပ်မဆုံးရှုံးပါရစေနဲ့……။

 

နင်က ငါ့အတွက် ဆုလာဘ် ချစ်ရဲ့

နင်မသိတာဖြစ်မှာပါ

ငါပိုင်ဆိုင်သမျှ စက္ကန့်တွေကအစ…… နင့်ကြောင့် အားပါးတရ အပြုံးတွေဝေလို့……..

 

ဘယ်လို အဆုံးသတ်ကြမလဲ ချစ်ရယ်

တစ်ခါလွမ်းမိတိုင်း….တစ်ရာသီစာ အထီးကျန်နေမိတယ်

ငါနေထိုင်နေတဲ့ ဆွေးရိပ်ရပ်ဝန်းထဲမှာ…..

သတိရခြင်း ယဉ်ကျေးမှုတွေနဲ့ ငါ ဘယ်အချိန်ထိ ရင့်ပါးနေရမလဲ……….?

 

ကေသရီ

 

In: ကဗျာ Posted By: Date: May 27, 2013
Comment #1

ချစ်တဲ့တ
အရမ်မိုက်းတယ်
ငါ့ဘဝရဲ့ဆုလာဘ်လေး

commentinfo By: ei lay at May 28, 2013
Comment #2

ချစ်တဲ့
အရမ်းမိုက်တယ်
ငါ့ဘဝရဲ့ဆုလာဘ်လေး။

commentinfo By: ei lay at May 28, 2013
Comment #3

ကြိုက်တယ်။
အရှု့းံနယ်နမိတ် ထဲကငါ။

commentinfo By: winkokonaing at May 28, 2013
Comment #4

ဘယ်လို အဆုံးသတ်ကြမလဲ ချစ်ရယ်
တစ်ခါလွမ်းမိတိုင်း….တစ်ရာသီစာ အထီးကျန်နေမိတယ်
…………………………………………………..
တစ်ခါလွမ်းမိတိုင်း……

commentinfo By: နွေ at May 28, 2013
Comment #5

တခါလွမ်းရင်တခါ……
တခါသတိရင်တခါ……
😛
တခါတည်းပါ။

commentinfo By: ei lay at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment