Professional Authors

ဟာသ

ရယ်တတ်ရင် အားလုံးက ဟာသပဲ
မီးပွိုင့်မိတာချင်းအတူတူ
ကိုယ့်ကားရှိတဲ့ လမ်းကြောကိုပဲ စိမ်းပေးစေချင်တာလည်း ဟာသပဲ…။

သာမန်လူသူတတ်နိုင်သလောက်ဆင်ထားတဲ့အ၀တ်ကိုရှုံ့ချပြီး
celebrity တွေ လုပ်ပြတဲ့ အရူးကွက်တွေကို
အားကျအတုယူတတ်တာကလည်း ဟာသပဲ..။

ကိုယ်သင်ယူနေတဲ့ ဘာသာရပ်ထဲက
စကားလုံးအကြီးကြီးတွေကို
လက်တွေ့နဲ့ကိုက်ကိုက်မကိုက်ကိုက် ထည့်သုံးပြီးလူတတ်ကြီးလုပ်တတ်တာလည်း ဟာသပဲ..။

ပိုက်ဆံတွေအထပ်လိုက်ကိုင်ထားနိုင်ရင်
သူဘာလုပ်လုပ် Yes Man လုပ်ဖို့ အသင့်ဖြစ်နေတဲ့သူတွေကလည်း ဟာသပဲ..။

သူများဘက်ကအတွေးကို မကြည့်ပဲ
ကိုယ်ထင်သလို သူများကိုကြိုးကိုင်ချင်တတ်တဲ့ တချို့သောသူတွေကလည်း ဟာသပဲ..
တကယ်တမ်းပြောရရင်တော့
အခု ဒီကဗျာရေးနေတဲ့ငါကိုယ်တိုင်ရဲ့
ခပ်ကြောင်ကြောင် တရွဲ့တစောင်းအတွေးတွေကလည်း
တကယ်ကျတော့
ဟာ…သ…..ပဲ။

In: ကဗျာ Posted By: Date: May 25, 2013
Comment #1

အားပေးသွားပါသည်

commentinfo By: ei lay at May 25, 2013
Comment #2

ဟုတ်တယ်
လူ့ဘ၀က ဟာသပဲ

commentinfo By: မေပျို at May 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment