Professional Authors

ကိုယ့်ကိုယ့်ကိုယ် ဖွက်ထားခြင်း

ကြိုက်လွန်းလို့ ဆုပ်ကိုင်ထားတဲ့
အခါ..ပန်းကလေး နွမ်းလျတတ်သလား.။
ယောက်ကျားတို့ဘာသား..
အကြင်နာခွန်းတောက် တစ်ခွန်းလောက်မှ
မဆိုတတ် တဲ့ငါ…

မင်းမျက်ရည်တစ်စက်ကို
ကော်ဖီလို ရက်ရက်စက်စက်
ဖျော်သောက်ခဲ့တာလား။
တကယ် ချစ်ပါသည်
သည် စကား က ရင်တွင်းမှာ
ပဲတင်အထပ်ထပ် နှင့်
ချစ်သူရှေ့ရောက် ဘာလို့ ထွက်မပြတတ်ရတာလဲ..။

ဘာပဲ..ပြောပြော..
မင်းတစ်ခုခုပူဆွေးရတဲ့အခါ..။
ငါလည်း ငိုကျွေး ခဲ့ရတာပဲ..
ဘယ်သူမှ မမြင်အောင်ပေါ့..။

အငွေ့

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

ဘာပဲ..ပြောပြော..
မင်းတစ်ခုခုပူဆွေးရတဲ့အခါ..။
ငါလည်း ငိုကျွေး ခဲ့ရတာပဲ..

ကောင်းတယ်ဗျာ

commentinfo By: MyoZin at Jul 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment