Professional Authors

နွေ

ခြေတင်ရာခုံတစ်ခုံမှာ …
ငါ့ကဗျာတွေ မီးတွေ တောက်လောင်ကျရှုံးနေလေရဲ့ …
အချက်ပေး ဥဩသံတွေလည်း ဆူလို့ …ညံလို့ …
အီလို့ …

အိပ်မက်ပုလင်းတွေထဲ …
ငရဲပြည်မှာ မွန်းတည့်တဲ့ နေခုနစ်စင်းကို
လောင်းထည့်ခဲ့ရတာ …
ကောင်မလေးရေ …
ငါ့ကို …
နေပူကြဲကြဲတွေထဲက ကယ်တင်ပါ …
လောင်မြိုက်ပွက်ဆူခြင်းတွေထဲက ရွေးနှုတ်ပါ …
ချွေးသီးတွေ ဝတ်ဆင်ထားရတာ …
အရေပြားတွေ ပြာကျတော့မယ် …
ဦးဏှောက်တစ်ခုလုံး မီးကျွမ်းတော့မယ် …
နင် သိလား …
ကောင်မလေး …
နင် ဘယ်မှာလဲ …
ငါ မမေးတော့ဘူး …
နင့်အစား …
မြောက်ပြန်ဆောင်းလေးတစ်ရာသီသာ …
တစ်နာရီစာ …
တိုက်ကျွေးလှည့်ပါ ..
နင့်ကိုငါ …
လွမ်းနေတဲ့အချိန် နင့်ရယ်သံလေးကို
ဆာမွတ်နေသလောက် …
အခုချိန် တစ်နာရီစာပဲဖြစ်ဖြစ် …
ဆောင်းတစ်ရာသီသာ …
ရင်ခွင်မှာ ပွင့်ကြဲနေတဲ့ နွေတွေအတွက် ငါဆာမွတ်တယ် …

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

ကဗျာလေးကောင်းလိုက်တာဗျာ
လေးစားအားကျလျှက်

နင့်အစား …
မြောက်ပြန်ဆောင်းလေးတစ်ရာသီသာ …
တစ်နာရီစာ …
တိုက်ကျွေးလှည့်ပါ ..
နင့်ကိုငါ …
လွမ်းနေတဲ့အချိန် နင့်ရယ်သံလေးကို
ဆာမွတ်နေသလောက် …
အခုချိန် တစ်နာရီစာပဲဖြစ်ဖြစ် …
ဆောင်းတစ်ရာသီသာ …
ရင်ခွင်မှာ ပွင့်ကြဲနေတဲ့ နွေတွေအတွက် ငါဆာမွတ်တယ် …

commentinfo By: အသဲကွဲမိုး at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment