Professional Authors

အခွင့်ရှိရင်…..

အဲဒီ..တောင်ကုန်းလေးထိပ်မှာ
မါးမါးရပ်ပြီးရင်ကော့ထားမယ်
လက်နှစ်ဖက်ဆန့်တန်းထားမယ်
ကောင်းကင်ကြီးကို တရစပ်မော့ကြည့်မယ်
စိတ်တွေတိမ်ပေါ်ခုန်တက်ကောင်းတက်မယ်
ဒါမှမဟုတ်ရင်..ကမူးရှုးထိုးပျံတက်ချင်တက်မယ်

အဲဒီ့..ငါ့တကိုယ်စာဝေဒနာတွေ
ဓားထက်ထက်နဲ့လှီးထုတ်ပစ်ချင်တာ
အခွင့်မရှိသေးပါ……..

တိမ်တွေလိုလွင့်ချင်တယ်…
တိမ်တွေကပြောတယ်
လွင့်နေတာ..မင်း..တဲ့
ဒါဆို…ဟိုးခပ်ဝေးဝေးထိလွင့်ချင်သေးတယ်

ဒါဏ်ရာတွေသိမ်းထားတတ်တဲ့အကျင့်ထက်
လွှင့်ပစ်တတ်ချင်တာ……..။။။

အမရာ

In: ကဗျာ Posted By: Date: Jun 10, 2010
Comment #1

မျောနေတာလား?
တောင်ကုန်းလေးထိပ်မှာချိတ်နေတာလား?

commentinfo By: ပုထုဇ၁ု at Jun 18, 2010
Comment #2

အဲဒီ..တောင်ကုန်းလေးထိပ်မှာ
မါးမါးရပ်ပြီးရင်ကော့ထားမယ်
လက်နှစ်ဖက်ဆန့်တန်းထားမယ်
တစ်ခုခုကိုကိုင်ထားအုံးနော်
တော်တော်ကြာတောင်ပေါ်ကနတ်တွေရုက္ခစိုးတွေကြည့်မရလို့တွန်းချလိုက်အုံးမှနော်
ရှက်စရာကြီးနော်

commentinfo By: ayeayethi at Aug 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment