Professional Authors

တင်ဆက်သူများ

အပြင်ထွက်ပြီဆိုတာနဲ့ အမျှင်မပြတ်သလိုအတွေးများ
ဟိုနားက၀င် ဒီနားကထွက်
ပြင်လိုကပြင် ဆင်လိုကဆင်
အကြောင်းအရာမျိုးစုံတွေးလို့ အဟောင်းကိုအသစ်ထင်
ချောင်းကိုပစ်လို့ မြစ်ကိုယှဉ်
ရောင်းကုန်မဟုတ်တဲ့ စောင်းအိုရှင်ရေ
တောင်းဆိုသမျှတွေလိုက်လျော မျောချင်ရာမျှောလိုက်ပါတော့
အဆောတလျှင်မဟုတ်ခဲ့ပေမယ့် ကျောပြင်ကိုဗျောတင်သလိုပ
မယ်သုမနရေ နည်းနည်းတော့ကိုယ်ချင်းစာသလိုလိုဖြစ်
ကိုယ်ကလည်းတင်ဆက်နေချင်သူမို့
လိုအပ်ရင်အသင့်ဖြစ်နေခဲ့ရပေါ့
ဒါ ဓါတ်ရှင်ရိုက်နေတာမဟုတ်
မျက်မြင်သက်သေတွေ တအုပ်တမနဲ့
တခုတ်တရရေးထားတဲ့ ကဗျာအကြောင်း
ပြန်ပြောင်းတင်ဆက်လိုက်ပါတယ် ။            ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: May 15, 2013
Comment #1

နှလုံးသားနှင့်ဖတ်သွားပါသည်

commentinfo By: ei lay at May 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment