Professional Authors

“ ရည်ရွယ်ချက် ပျောက်ဆုံးနေတဲ့ မီးဖို ”

ဘယ်လို မီးဖိုပါလိမ့်…
မြေကြီး ပေါ်မှာကားလိုမောင်းလို့ရတယ်တဲ့
ရေထဲမှာလည်း သွားလို့ရသတဲ့လေ…

ဘယ်လို မီးဖိုပါလိမ့်…
လေထီးလိုလည်း ဆောင်းလို့ရသတဲ့
လေယာဉ်လိုလည်း မောင်းလို့ရသတဲ့လေ…

ဘယ်လို မီးဖိုပါလိမ့်…
Audio ဇာတ်ကားလည်း ကြည့်လို့ရသတဲ့
Internet လိုင်းလည်း မိလို့
ကြားမကြားဖူးဘူး တဲ့လေ…

ဘယ်လို မီးဖိုပါလိမ့်…    
အယ်… အထဲမှာ ဇိမ်ခံပစ္စည်းစုံသတဲ့
အိမ်ခြံအတွင်းမှာလည်း လုံသတဲ့လေ…

ပညာရှင်တွေ ထွင်လိုက်ကြတာ…
မိုက်သလားတော့ မေးမကြည့်နဲ့
တွေးကြည့်တာနဲ့ သိစေတယ်။

အားနည်းချက်များ ပါမလားလို့
ချန်မထားပဲ ရှာလိုက်ပါမှ
အော်… မိုက်လိုက်တဲ့ ငါ့နှယ်…
မီးဖိုဆိုမှ မီးမွှေးလို့တော့
မရဘူးတဲ့… သေတယ်လေ။

သူငယ်ချင်းတို့ကောရည်ရွယ်ချက်တွေပျောက်ဆုံးဖူးပါသလား။

ဝန်ခံချက်။            ။ ဆရာမင်းခိုက်စိုးစံ၏“ဖိုးသူတော် ပြောသောပုံပြင်များ” ထဲမှ
                          သိပ္ပံပညာရှင် သုံးယောက်ပုံပြင်ကိုနောက်ခံယူ၍ ရေးဖွဲ့ပါသည်။
                           ကဗျာကညံနေသည်ယူဆပါက ကျွန်တော်ကြယ်စစ်သည်၏                                             အားနည်းချက်သာဖြစ်၍ကောင်းနေသည်ဆိုပါကနောက်ခံဇာတ်ကြောင်းဖြစ်သော     
ဆရာမင်းခိုက်စိုးစံ ၏ “ဖိုးသူတော်ပြောသော ပုံပြင်များ” ကြောင့်သာဖြစ်ပါကြောင်း…
            

In: ကဗျာ Posted By: Date: Sep 25, 2011
Comment #1

ကောင်းပါတယ်ဗျ

commentinfo By: အသဲကွဲမိုး at Sep 25, 2011
Comment #2

ကဗျာကညံနေသည်ယူဆပါက ကျွန်တော်ကြယ်စစ်သည်၏ အားနည်းချက်သာဖြစ်၍ကောင်းနေသည်ဆိုပါကနောက်ခံဇာတ်ကြောင်းဖြစ်သော
ဆရာမင်းခိုက်စိုးစံ ၏ “ဖိုးသူတော်ပြောသော ပုံပြင်များ” ကြောင့်သာဖြစ်ပါကြောင်း…

လေးစားမိပါတယ်ဗျား… သိပ်ကောင်းတဲ့ဝထ္ထုမှန်သလို ကဗျာလည်း သိပ်ကောင်းပါတယ်ဗျ။ အပေါ်ကစကားလေးကို သဘောကျတ.ယ်.။
လေးစားတယ်ဗျ

commentinfo By: 13th at Dec 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment