Professional Authors

နက်(စ်)ကော်ဖီ

ဝေးကွာသွားတယ် ဆိုရအောင်

ဘယ်တုန်းက နီးကပ်ခဲ့ဘူးလို့လဲ

က နေ ဆီလာခဲ့တယ် ဆိုတာ

နေကြပ်တဲ့ နေ့မျိုးမှာတောင် အရိပ်သက်သက်ပဲ

မတူညီတာတွေများတယ်ဆိုရအောင်

ဘယ်တုန်းက ထပ်တူကျခဲ့ကြဘူးလဲ

ငြင်းရင်း ခုံရင်း အခါခါ ကျောခိုင်းခဲ့ရင်း

ဖွဲ့တည်ခဲ့တဲ့ သံယောဇဉ်မျိုး

လိုက်ရင်း ပြေးရင်း

ရှောင်ရင်း တိမ်းရင်း

စိတ်ချင်းသာ နီးခွင့်ရတဲ့ မေတ္တာတရားမျိုး

လိုအပ်နေတာမျိုးမဟုတ်ဘူး

လိုချင်နေတာမျိုးမဟုတ်ဘူး

ဘယ်တော့မှ ထွက်လို့မရတဲ့ ထောင်ချောက်ထဲ

ပိတ်မိသွားရုံသက်သက်ပါ…..

 

In: ကဗျာ Posted By: Date: May 14, 2013
Comment #1

🙂

commentinfo By: ei lay at May 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment