Professional Authors

နှစ်ချို့ကော်ဖီ(တာရာမင်းဝေ)

နှစ်တွေကြာခဲ့ပေါ့
ဒီလောက် လောင်မီးကျခဲ့တာတောင်
အဲဒီ မျက်နှာလေးက
ငါ့အတွက် တသွင်သွင် လှပနေတုန်းပဲ။

အနမ်းတွေ ..
ငါ့အတွက်မို့ ရွာသူ ဖမ်းစားတာ ခံရလေတယ်
မြင်းတစ်ကောင်မှ မက တဲ့ ရထားလုံးအိမ်ထဲမှာ
ငါ .. ဘယ်ကိုပြေးမလဲ ..

ကိုယ့်ကိုယ်ကို တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ
စားပွဲစွန်းက ဖန်ခွက်လို
ထောင်းလမောင်းကြေကျကွဲပြန်တယ် နှင်းဆီစော်နံတယ်

အချစ်ဟောင်းရေ
ကိုယ်လှေစီးကြောင်းတွေလည်း ပြောင်းပြန်စီးမျောခဲ့ပေါ့
လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)

မင်း… ချမ်းမြေ့ပါစေ ..။ ။
တာရာမင်းဝေ

/* စာရေးဆရာမ အစ်မ မနော်ဟရီ ရဲ့ ကျွန်မချစ်သောကဗျာများ ဆိုတဲ့နေရာက သူသည် ကဗျာဆရာတစ်ယောက် ဖြစ်သည်  ဆိုတဲ့ post က ဖတ်ခွင့်ရပြီး တစ်ဆင့် ဖော်ပြတာပါ */

 

 

 

Comment #1

မဖတ်ဖူးသေးဘူး ။ ကျေးဇူးပါ ။

commentinfo By: ထူးဝေ at Mar 4, 2011
Comment #2

ကျေးဇူးပါ…..

commentinfo By: အသဲကွဲမိုး at Mar 4, 2011
Comment #3

တစ်ပုဒ်လုံး ခြွင်းချက်မရှိသဘောကျတယ်ဗျာ။ဒီလောက်တော်တဲ. ပုဂ္ဂိုလ်မျိုးမှ စောစောစီးစီး……။အား အရမ်းနှမြောတာပဲ။

commentinfo By: SimpleSimplest at Mar 27, 2011
Comment #4

ဖြိုးဖြိုးရေ…ဆရာ့ ကဗျာတွေတင်ပေးတဲ့အတွက်ကျေးဇူးပါ…
မင်းရသ
အားပေးပါတယ်

commentinfo By: minratha at Jul 29, 2011
Comment #5

လွန်လေပြီးသော စနေနံနက်တစ်ခုကို လွမ်းမြ ရီဝေရင်း
………………. ……………… ……………
(ဒီကဗျာကို ကိုယ်ဆက်မရေးချင်တော့ဘူး)

မင်း… ချမ်းမြေ့ပါစေ ..။ ။
အရမ်း ကို ကြိုက် ပါ တယ်….

commentinfo By: ညနေယံ at Jul 29, 2011
Comment #6

မဖတ်ရသေးတဲ့ တာရာမင်းဝေ ကဗျာတွေ ဖတ်ရလို့ ကျေးဇူးပါ

Comment #7

အရမ်း ကောင်းတယ် တခါမှမဖတ်ဘူးသေးလို.ကျေးဇူးပါ ဖတ်ခွင်.ရတဲ.အတွက် ဆရာတာရာမင်းဝေဟာ တော်တော်သဘောကျကြိုက်ခဲ.တဲ. ပရိတ်သတ်ပါ။

commentinfo By: maysuhlaing at Oct 22, 2011
Comment #8

ဟုတ်ကဲ့ ဒီကဗျာကို တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်……. စိတ်ကူးအသစ်တွေအများကြီးရပါတယ်……… အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ……

commentinfo By: ဒိုဒို at Dec 22, 2011
Comment #9

ကဗျာလေးကိုဖတ်ပြိးတော.တော်တော်ခံစားရတယ်

commentinfo By: မေစုလှိုင် at Jan 1, 2012
Comment #10

နောက်နောင်မှာ ဆရာ့ ကဗျာတွေ စုစည်းပြီး စာအုပ်ထုတ်ပေးပါ့လား..

commentinfo By: ခေတ်လူငယ် at Jan 2, 2012
Comment #11

ကိုယ့်ကိုယ်ကို တစ်ပွင့်ချင်း ပြန်ခူးကြည့်တော့လည်း
ဆူး … စူးတာပါပဲ

commentinfo By: May Kha at Jan 19, 2012
Comment #12

နှစ်ချို့သွားသောကော်ဖီ

commentinfo By: နေရဲ at Sep 25, 2012
Comment #13

မဖတ်ရသေးတဲ့ တာရာမင်းဝေ ကဗျာတွေ ဖတ်ရလို့ ကျေးဇူးပါ

commentinfo By: MYM at Sep 25, 2012
Comment #14

ဆက်ရေးလိုက်စမ်းပါ ဆရာတာရာ။ဆရာအတွေးတွေက ပန်းမပန် သနပ်ခါးမလိမ်းပဲလှတယ်။ကဗျာတွေဖတ်ပြီး ဆရာကို အလွမ်းဖြေရင်း ဆက်လွမ်းရင်းပေါ့။

commentinfo By: lighthunter at Nov 23, 2012
Comment #15

Nice

commentinfo By: ei lay at Nov 23, 2012
Comment #16

ဆရာ… ကျွန်တော်ဟာ ဆရာထားခဲ့တဲ့ ခေတ်ရဲ့ အာဝါသအောက်မှာ ကြီးပြင်းခဲ့ပါတယ်..။ အရမ်းမြတ်နိုးလေးစားခဲ့ရတယ်..။ ဆရာ့စာတွေနဲ့ဘဲ ယဉ်ပါးပြီး ကျောင်းစာမှာ ညံ့ဖျင်းခဲ့တယ်…

ဆရာနဲ့ ဂျူနို ဟာ ကျွန်တော့ရင်ထဲမှာ ဘယ်တော့မှ မသေပါဘူးဆရာ… ရင်ထဲက မှတ်ကျောက်တွေရဲ့ထိပ်ဆုံးမှာ ထူးဝေနဲ့ သံစဉ်နဲ့ လရောင်ကိုပန်၍ နဲ့ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်နဲ့ ပန်းခေတ်ကလမင်း အမြဲတန်းလင်းခဲ့ပါတယ်..

ဆရာ့ရဲ့ အရှေ့မြို့ရိုးက မိုးတွေ အစိုခဲ့ဆုံး လူသားက ကျွန်တော်ဖြစ်ခဲ့ရလို့ဂုဏ်ယူခဲ့ပါတယ် ဆရာရေ..

အဲဒီဝထ္ထုထဲက စကားလေးလိုဘဲ ဆရာက ကျွန်တော်ပျံရမဲ့ကောင်းကင်ကို တံခါးဖွင့်ပေးခဲ့တဲ့ လက်တစ်စုံမို့ ကျွန်တော်ကလည်း အဲဒီလက်ကိုဘဲ ချစ်နိင်မယ်…

ဆရာ့ကိုချစ်တယ်…။

ကျေးဇူးတရားများကို အမြောက်အများ စားသုံးခဲ့သူ

နိုးဆက် နေ့

commentinfo By: 13th at Jan 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment