Professional Authors

ေ ရ ာ င်ြ ပ န်

ကဲ

ခုတော့ဘာတတ်နိုင်သေးလဲ???

 

ခြေရာခံထားတဲ့လမ်းလည်းရွေ့သွားပြီ

အနားကပ်နေတဲ့နွားလည်း လွတ်သွားပြီမဟုတ်လား?

 

အဲဒီမိုးတိမ်တွေမလာခင်ကတည်းက

ပူပြင်းလောင်ကျွမ်းမှုတွေနဲ့တည်ခင်းအရိပ်ပြခဲ့သားပဲ

ခုမှတော့မိုးတွင်းထဲထိုင်ပြီး မိုးစိုမှာကြောက်မနေပါနဲ့တော့။

 

“ကယ်ကြပါဦး”အော်လိုက်လို့  တစုံတဦးရောက်လာတယ် ဆိုတာ

ရုပ်ရှင်ထဲမှာပဲရှိတာ

ဒါတောင်အချိန်မှီမဟုတ်ဘူး။

 

အော်

လည်ပင်းကိုညှစ်ပြီး လျှာတစ်လစ်ထွက်အောင်အော်

အသက်ရှုရပ်ပြီးဘ၀ပြောင်းသွားလည်း ဘာဂုဏ်ဒြပ်မျိုးမှရလိမ့်မယ်မထင်နဲ့

 

ပတ်ဝန်းကျင်ဆိုတာလက်ညှိုးပန်း လန်းရာ မြေစခန်းပဲ

အာရုံထဲထည့်ရှေ့နောက်တွက်နေသရွေ့တော့

ခြေထောက်တွေရိုက်ချိုးထားလိုက်တာအကောင်းဆုံးအရွေ့။

 

“အချစ်”
ဟုတ်လား မပြောစမ်းပါနဲ့
ကျရှုံးခန်းတွေပဲဆက်လက် သင်ကြားနေစမ်းပါ

ဒီတခါလက်နှစ်ဖက် ပိုက်ထားရင်တော့ နောက်ထပ်နွားတစ်ကောင်ပဲ လို့  မတွေးလိုက်နဲ့

ရင်ဘတ်ကြီးဖွင့် ၀င်ရောက်လာမယ့် ဓားတစ်စင်းကိုကြိုလင့်နေလိုက်တော့

၂၀၁၃မှာ ရှေးခတ်ကကျကျန်ခဲ့တဲ့နွား တစ်ကောင်မကျော်ပါဘူး။

 

သံလိုက်အိမ်မြောင်သုံးမနေနဲ့
အသွား/အပြန်မရှိတတ်ဘူးမဟုတ်လား

ပုံမှန်အတိုင်းဥပေက္ခာကိုဖျော်သောက် ကြေကွဲစတွေ ဖြန့်ခင်း နင်းချေ ရင်း စမြုံ့ပြန်နေလိုက်ဦး

ကမ္ဘာကြီးတပတ်လည် ပြီး တဲ့အခါ ကျရောက်လာမယ့် မျက်ရည်ယိုဗုံး

ခံနိုင်ရည်ရှိဖို့ အားမွေးထားရမယ်လေ။

 

ကြေးစည်သံလည်းမထွက်ဘူး

ဆုတောင်းသံလည်းမပျက်ဘူး

ပေးမြဲပေးအပ်ထားတဲ့အသက်လွှာ

သွန်လိုသွန်မှောက်လိုမှောက်ရောက်ချင်ရာရောက် စွန့်ပစ်ထားလိုက်

လွမ်းတေးလည်းမဆိုဘူး

မှန်းပြီးလည်းမငိုဘူး

ဒဏ်ရာဆိုတာယူတတ်သူအတွက် ပညာပဲ မဟုတ်လား???

 

ထုံကျင်အေးစက်နေတဲ့ရင်ဘတ် ပေါ်

အချိန်လွန်မှမီးလောင် မွှေးကျူ မနေစမ်းနဲ့

 

မျက်ရည်ခန်းနွမ်းစေခဲ့ပြီတော့မှ

နောက်တဖန်ပြန်လန်း ရှင်သန်စေဖို့ 

မာယာလောင်းပေါင်းသင်ပြ မ နေနဲ့တော့

 

ကုန်ကုန်ပြောရရင်

 

အသက်သေစေ ပြီးတော့ မှ အမျှဝေ ပူဆွေးပြမနေစမ်းပါနဲ့။

 

ခလုပ်နှိပ်ဖို့ ပျင်းတတ်ခဲ့တယ်မဟုတ်လား???

ငဲ့ညှာလိုက်ဖို့ ငြင်းဆန်ခဲ့တယ်မဟုတ်လား???
ကြည့်နေပေမယ့်မမြင်တတ်ခဲ့ဘူးမဟုတ်လား???

 

ကမ္ဘာကြီးတပတ်လည် ပြီး တဲ့အခါ ကျရောက်လာမယ့်

 

နာကျင်ကြေကွဲမှုသံစဉ်တွေ ခံယူ နိုင်ဖို့ 

 

အားမွေး ထား လိုက် ပါ ဦး။

 

နှလုံးသားကိုယ်စီနဲ့အသက်ရှုရှိုက်လောကတစ်ခုထဲမှာ ရှိခဲ့ကြပေမယ့်

 

 

 

ချစ်ခြင်းရဲ့ခေါ်သံကို အမှား လို့ အမည်တပ်

 

ခင်ဗျား

 

လျ စ် လျူ ရှု

 

 

ေ မ့ ေ လ ် ာ ့ ထ ာ း ခ ဲ ့ ရ ဲ ႕ မ ဟ ု တ် လား ???

 

။။။။ မေ့လျော့ထားခဲ့တယ်မဟုတ်လား။။။။

In: ကဗျာ Posted By: Date: May 14, 2013
Comment #1

အသက်သေစေ ပြီးတော့ မှ အမျှဝေ ပူဆွေးပြမနေစမ်းပါနဲ့။

။။။။ မေ့လျော့ထားခဲ့တယ်မဟုတ်လား။။။။

တစ်ပုဒ်လုံးကောင်းအရမ်းကောင်းတယ်….အားပေးသွားပါတယ်နော်

commentinfo By: နွေ at May 14, 2013
Comment #2

!-!
!-!
!-!

commentinfo By: ei lay at May 14, 2013
Comment #3

ေ ရာ င်ြ ပ န်
………………
နောက်ထပ်တခါထပ်အားပေးသွားပါသည်။

commentinfo By: နွေ at Feb 15, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment