Professional Authors

ဝထ္ထုတို (terry)

ဖိနပ်ဟာအပြီးတိုင်ပြတ်သွားပြီပေါ့

မူးလာရင်ဖုန်းမှားမဆက်တော့ဖို့ 

ငါလက်မှတ်ထိုးထားရတယ်

ဖိတ်စာရဲ့စကားလုံးဟာMedusaရဲ့မျက်လုံး

အမာရွတ်တွေSlideshow နဲ့ဝင်လာတယ်

ဖောက်ထုတ်ပစ်လိုက်ပါ…ရက်လွန်နေတဲ့ပြည်တည်နာတစ်ခုလို

ဖောက်ထုတ်ပစ်လိုက်ပါ…မျက်တောင်တစ်ခတ်စာပျော်ရွှင်မှု့ကို

ဖောက်ထုတ်ပစ်လိုက်ပါ……

ရိုးသားမှု့ဟာ၂၄နာရီချောင်းရိုက်ခံရတယ်

ဟယ်လို…………………………

ကျေးဇူးပြုပြီး ၂၀၁၀ ကိုခဏလောက်ခေါ်ပေးပါ

ကိုယ်တိုင်ကြေမွစေခဲ့တဲ့ကဗျာစာရွက်တွေရှေ့မှာ

ကျွန်တော်ရယ်၊သူမရယ်၊သူမချစ်သူရယ် နေတယ်

ငါ့တစ်ကိုယ်တော် live show ဟာသူမအိမ်ရှေ့ကအုတ်ခုံပေါ်မှာ

သွားရမယ့်အထပ်မှာဓါတ်လှေကားမရှိဘူး

ကိုယ့်ကောက်ကြောင်းကိုယ်ပြန်ရှာမရအောင်ကျကွဲခဲ့ပုံတွေ

ကျည်အတုနဲ့ပစ်တဲ့သူနဲ့ တကယ်သေသွားတဲ့သူနဲ့

အထင်ကြီးမှု့နဲ့သနားမှု့မရှိတဲ့မိန်းမတစ်ယောက်မှာအချစ်ဆိုတာမရှိဘူး

ပြောပါ…မင်းဟာငါ့ဒဏ္ဍာရီထဲကလွတ်ကျခဲ့တဲ့သက်ပြင်းမောဆိုတာ

ပြောပါ…ငါဟာမင်းလိုအပ်ချက်အတွက်အမြှီးမနှန့်တတ်တဲ့သွေးအေးသတ္တ၀ါဆိုတာ

မင်းမိုးလေ၀သကိုမင်းယုံကြည်နေသေးသ၍

ငါ့ကန္တာရကိုငါလွှတ်မချသေးသ၍

မင်းကဆေးဝါးဆို ငါကဘေးထွက်ဆိုးကျိုး

မင်းကယုတ္တိဗေဒဆို ငါကသဘာဝလွန်ဖြစ်ရပ်

မိုးတွေဟာတစ်ခုခုကိုရွာခဲ့တယ်ဆိုတာတော့သေချာပါတယ်

လဲကျသွားတဲ့ဖန်လုံးထဲကငွေမှုန်တွေလို

ဘယ်ကိုမှမရောက်ခဲ့ဘူး ဘာကိုမှလည်းမရောက်ခဲ့ဘူး

အဲ့လိုမျိုး ငါတို့ ဟာ ဘယ်တော့မှမနီးနိုင်ခဲ့တဲ့ အိမ်နီးနားချင်းတွေ။

*တယ်ရီ

10.2.2013

900pm

In: ကဗျာ Posted By: Date: May 13, 2013
Comment #1

အားပေးသွားပါသည်

commentinfo By: ei lay at May 13, 2013
Comment #2

ကိုယ်တိုင်ကြေမွစေခဲ့တဲ့ကဗျာစာရွက်တွေရှေ့မှာ
ကျွန်တော်ရယ်၊သူမရယ်၊သူမချစ်သူရယ် နေတယ်
…………………….
ငါတို့ ဟာ ဘယ်တော့မှမနီးနိုင်ခဲ့တဲ့ အိမ်နီးနားချင်းတွေ

commentinfo By: နွေ at May 13, 2013
Comment #3

မင်းမိုးလေ၀သကိုမင်းယုံကြည်နေသေးသ၍

ငါ့ကန္တာရကိုငါလွှတ်မချသေးသ၍

မင်းကဆေးဝါးဆို ငါကဘေးထွက်ဆိုးကျိုး

မင်းကယုတ္တိဗေဒဆို ငါကသဘာဝလွန်ဖြစ်ရပ်..
ကောင်းတယ်ဗျာ

commentinfo By: ဇော်ထိုက် at May 13, 2013
Comment #4

ဘယ်တော့မှ မနီးတဲ့ အိမ်နီးနားချင်းတွေ

commentinfo By: မေပျို at May 14, 2013
Comment #5

ရက်လွန်နေတဲ့ ပြည်တည်နာ…
မျက်တောင်တခတ်စာပျော်ရွှင်မှု…
ပြောပါ…မင်းဟာငါ့ဒဏ္ဍာရီထဲကလွတ်ကျခဲ့တဲ့သက်ပြင်းမောဆိုတာ…
စကားလုံးတွေ ထိမိပုံများ
အားပေးသွားပါတယ်

commentinfo By: Aphyu at May 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment