Professional Authors

သေရာပါ ဒဏ်ရာ

မိုးရွာတုန်း ရေခံဆိုလို့
မုန်တိုင်းထဲ ခွက်ဆွဲထွက်မိတာပါ …

တုန်းတယ်ပဲ ပြောပြော
အတယ်ပဲ ပြောပြော

ကိုယ်သာထင်ရင်
ကုတင်ဟာလည်း ရွှေနန်းပါပဲ …

ပြိုင်ပွဲမစခင်တည်းက
ရှုံးမယ့် အရည်အချင်းတစ်ခုနဲ့
ပြေးလမ်းပေါ်မှာ ရပ်နေမိတာပါ …

ပိန်းတယ်ပဲ ပြောပြော
ညံ့တယ်ပဲ ပြောပြော

ငါ့မြင်းငါစိုင်း
စစ်ကိုင်းရောက်ရောက် ပါပဲ …

နောက်လူကောင်းပါစေလို့
ဆုတောင်းပေးရအောင်
ငါ မရင့်ကျက်နိုင်သေးတဲ့အတွက်

ပြန်လာပါလို့သာ
လက်ယက်ခေါ်နေမိတယ် …

အချိန်ဆိုတာ ဒဏ်ရာတွေကိုကုစားဖို့
အကောင်းဆုံး သမားတော်တစ်ဦးတဲ့

မိုးလင်းလို့ မျက်နှာမသစ်ခင်တည်းက
ဒဏ်ရာဟောင်းတွေကို
တစ်ယုတယနဲ့
ပြန်ပြန် နမ်းနေမိတဲ့
အမိုက်အမဲလေးမို့

အချိန်ဆိုတဲ့ သမားတော်ရယ်
သေရာပါမယ့် ဒဏ်ရာကိုတော့
ကုစားမနေပါနဲ့တော့ …..

>> Phyoe Layy <<

In: ကဗျာ Posted By: Date: May 7, 2013
Comment #1

အချိန်ဟာ အကောင်းဆုံးသမားတော်ပါ
ကုစားစရာမလိုအောင် မေ့ပျောက်သွားမယ့်တစ်နေ့ရောက်လာပါလိမ့်မယ်

commentinfo By: မေပျို at May 7, 2013
Comment #2

I agree

commentinfo By: ei lay at May 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment