Professional Authors

ဆွတ်ပျံ့ခြင်းရက်လည် (သို့) ဗလာ=ဆင်ခြင်တုံ

ဗျာပါဒကြီးတဲ့ ဦးဏှောက်တစ်လုံး
နေရာယူမှားတဲ့ စိတ္တဇတွေ
သံသယတွေ တိတ်တိတ်လေးနဲ့
ငါ.. ရူးနေတယ်။

အိပ်မက်ဆိုးတွေချိတ်ဆွဲ
အမှတ်သညာတွေ မီးင်္သဂြိုဟ်
သိစိတ်မမှီတဲ့ နှုတ်ခမ်းတစ်စုံကို
ငါ..တမ်းတနေတယ်။

အိပ်မက်ချည်တဲ့ အရိုင်းလှမေပျို
ညှို့ဇာတ်တွေဗလောင်းဗလဲနဲ့
အကြည့်ခန့်တဲ့ Cutie..
ငါ..(အရမ်း)ချစ်တယ်။

အယူသီးဇာတ်ထုပ်
လက်တဆုပ်စာ ချုပ်တဲ့ နိဂုံး
ဥပေက္ခာကမ်းတဲ့ အမေ့ခံ မဒီ
ငါ..မုန်းချင်တယ်။

ခရမ်းရောင်စွန်းသွားတဲ့ ဒဏ္ဍာရီ
လူဆန်ဆန်ရေးထိုးထားတဲ့ ကျောက်စာတွေ
ပိုင်ဆိုင်တဲ့အသည်းကလည်း တခန်းတည်းမို့
ငါ..ခံစား နေတယ်။

မတွက်ချင်လို့ အဖြေမထွက်တဲ့ပုစ္ဆာ
မထူးဆန်းခြင်းသီအိုရီ…
ရိုးရာဆန်တဲ့ အထီးကျန်ခြင်းတွေနဲ့
ငါ..မောပန်းနေတယ်၊

ချစ်ခြင်း+မုန်းခြင်း+ရူးသွပ်ခြင်း+လွမ်းခြင်း+တမ်းတခြင်း+ခံစားခြင်း=???

In: ကဗျာ Posted By: Date: Jun 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment