Professional Authors

မှားယွင်း သစ်ပင်

မေ့ခြင်းသစ်ပင် ငါစိုက်ပျိုးကြည့်..
နှလုံးသားကို မြစ်ညှာထိုး
သွေးသားကို သြဇာလုပ်
မေ့ခြင်းသစ်သီး သီးစေဖို့….။   ။
ထိုသစ်ပင် ရှင်ရန်လည်းခက်ပါသည်
သီးကင်းသီးပွင့် တင်ရန်လည်းရက်ကြာသည်။   ။
ခက်ဖြာချို့တဲ့ ထိုးထွက်လို့
နှစ်တွေရယ်ကြာ
သီးကင်းစမြင်လာတော့
မေ့ခြင်းသစ်သီး အစား ဝေဒနာသီးများပါတဲ့…။    ။
နှစ်တွေရယ်ကြာ မေ့ရန်လည်းခက်ပါသည်
ခံစားရဝေဒနာ ခံရလည်းခက်ပါသည်။   ။

In: ကဗျာ Posted By: Date: Apr 27, 2013
Comment #1

မှန်ပ့ါ
အဲဒီ့အပင်ရေမလောင်းမိစေနှင့်
ခက် ခက် အလွန်ခက်

commentinfo By: မေပျို at Apr 27, 2013
Comment #2

Nice creations with the best words.
Excellent thoughts with the sweet feeling.

commentinfo By: ei lay at Apr 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment