Professional Authors

နှင်လွှတ်ရာ ရက်စွဲ

အညှီအဟောက်တွေ ခွါချပေးပါ
မင်းရဲ့ မျက်နှာဖုံးကို 
ဖြူစင်ခြင်းတွေ ပေသွားမှာ စိုးလို့ပါ
စော်ကားမှု အစေအပါးတွေက
ဟာလာဟင်လင်းရင်ခွင်အတွက်
ထုတ်ချင်းပေါက်သွားဖို့ ဆိုတာ မရှိတော့ပါဘူး
ဓါးခုတ်ရာ လက်လျှို ခဲ့တယ်ထင်နေတာ
အမှန်တကယ်က လွှစက်အောက်ထဲရောက်နေတာကို
ညစ်ညမ်းတဲ့အတွေးတွေနဲ့ 
ကြယ်တွေကို အရောက်ဆောင် ငါမကြွေခိုင်းချင်တော့ဘူး
အသိဥာဏ်တွေ အလိုက်သိဖို့တော့ လိုအပ်နေပြီး
နှစ်ကြာရှည်တဲ့ သံယောဇဉ်ဆိုတာဟာ
မနက်နဲ့ ည လောက်ပဲ ကြာခဲ့ပြီးပဲ
မခိုင်တဲ့ အရိပ် ၂ခုအတွက်
ခံစားချက်နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်ကို တပ်နေမယ့်အစား
ပြက္ခထိန်က အကွက်တကွက်ကို ရွှေ့ ကြရအောင်
သီးသန့်ကြီး လုပ်ယူစရာ မလိုတဲ့ 
ခွဲခွာခြင်းတွေကို ရပ်တည်ခြင်းအဖြစ်
စိုက်ထူကြမယ်လေ
မီးတောက်စုန်းမလေး ရယ် 
မင်းသွားလိုရာ သွားစေတော့….

In: ကဗျာ Posted By: Date: Apr 26, 2013
Comment #1

တူညီတဲ့စာပဲပြန်ရေးလိုက်ပါတယ်
ခွဲခွာခြင်းကိုရပ်တည်မှုအဖြစ်စိုက်ထူကြမယ်လေ

commentinfo By: မေပျို at Apr 26, 2013
Comment #2

Phat shu arr pay twar par de

commentinfo By: ei lay at Apr 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment