Professional Authors

အစိမ်းလိုက်ပြုစားခံလိုက်ရတဲ့ရက်စွဲတချို့

 

 

ထားခဲ့ရမယ့် အရာဆိုတာ

သိရက်နဲ့

အဲ့ဒီ … လက်ကျန်

အတ္တခပ်ပါးပါးလေးက

ရစ်လို့ ငင်လို့

တွယ်တာလို့ ကောင်းတုန်း

စွန့်ပစ်သင့်တယ်ဆိုတာ သိပေမဲ့ …

ဆက်လက်ဝတ်ဆင်ထားချင်သေးတဲ့

ကိုယ်နဲ့မသင့်တော်တဲ့

အင်္ကျီတစ်ထည်နဲ့တူတဲ့…

အဲဒီအချစ်က

အစိမ်းရောင်ဘာသာဗေဒနဲ့

ရက်လုပ်ထားတယ် ..

(သိပြီးသားပါပဲ)

နံရံတဖက်ခြားမှာတော့

ကွဲလွင့်ကြေမွနေတဲ့

လက်ကျန် အနမ်းတွေနဲ့ …

တိတ်တဆိတ် လုပ်ကြံခံလိုက်ရတဲ့

အဖြူရောင်ရက်စွဲ တချို့ ..

နတ်ဘုရားတွေ သတ်မှတ်ထားတဲ့

အလိုရမ္မက်မပါတဲ့

ကဗ္ဗည်းသက်သက်စာတန်းတချို့က

အဝါရောင်ဖျော့ဖျော့ ..

စိတ်လိုလက်ရ ပြုစုထားတဲ့

အချစ်အကြွင်းအကျန် တချို့နဲ့

အချိန်တစ်ခုကိုမျှားရင်း …

ရှေ့ခြေတစ်ခါလှမ်းတိုင်းမှာ

နောက်ခြေက သိသိသာသာ …

… ကျွံဝင်သွားတယ် …

 

နတ်သမီး

In: ကဗျာ Posted By: Date: Oct 26, 2011
Comment #1

လုလင် အားပေးခံစားသွားသည်

Comment #2

အမြည်းမလို့ တော့ပါဘူး

commentinfo By: ချစ်မိုးဦး at Oct 26, 2011
Comment #3

အမ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 26, 2011
Comment #4

ကောင်းတယ်ဗျာ အားပေးသွားပါတယ် အရောင်တွေနဲ့ကဗျာလေးကို 🙂

commentinfo By: မောင်မြတ်သူ(ခေတ္တ-လှည်းတန်း) at Oct 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment