Professional Authors

အနေအထိုင်မတတ်မှုများ(ကြည်မောင်သန်း-လှသန်း)

ကြယ်တွေမရိုးမရွ
ကောင်းကင်ကျိုး ကျတော့မယ် မြေကြီးကို ရွှေ့ထားရရင်ကောင်းမလား။
ခေါင်းတိုင်ကမီးခိုးလို
ပါးစပ်အဟောင်တွေထဲက
အသံဟောင်းတွေ ပေါ်ထွက်လာ
နားတွေလည်း ညောင်းလှပါပြီ။
လမ်းဆိုးလို့ ယာဉ်ပျက်တာ
ဘယ်သူ့ကိုစွဲချက်တင်ရမလဲ
မျိုးဆက်တစ်ခုလုံး ချကြွေးခဲ့တာတောင်မှ
ရှေ့ရေးကမကောင်းနိုင်သေးဘူး။
မာယာများတဲ့မြက်ခင်းပြင်ပေါ်မှာ
ကျင်းစိမ်ဖို့ကြိုးစားမိသူဂေါက်ရိုက်သမား
ဒါဟာအပြစ်လို့ခေါ်လို့ရရင်
အပြစ်တင်ခံပါ့မယ်
ကျူးလွန်ခဲ့သမျှမှာ
ထူးချွန်ဖို့ပဲ လိုအပ်တယ်။ ။

လှသန်း

Comment #1

Arr pay twar par de

commentinfo By: ei lay at Apr 25, 2013
Comment #2

ကြယ်တွေမရိုးမရွ
ကောင်းကင်ကျိုး ကျတော့မယ် မြေကြီးကို ရွှေ့ထားရရင်ကောင်းမလား။

commentinfo By: မေပျို at Apr 25, 2013
Comment #3

ကောင်းတယ်
ဒါပေမယ့် ကဗျာဆရာက မရှိတော့ဘူး
သတိရတယ် အကိုရာ …

commentinfo By: HEROSMITH at Apr 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment