Professional Authors

မြုံနေတဲ့ အနာ (ကြည်မောင်သန်း)

ငှက်တွေတောင် အိမ်ပြန်ကုန်ကြပြီ
ငါ့မှာသာ အိမ်မပြန်နိုင်သေး
နေ့ဟာ ကြွေကာနီး သစ်သီးတစ်လုံးလို
ပြီးပြည့်စုံစွာ ၀င်းမှည့်နေလေရဲ့
ရှင်းမပြတတ်အောင်ဘဲ ဖြစ်ရတယ် ညနေရယ်
မောလိုက်တာ …
ကိုယ့်ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို
ဘယ်သူ့ကို ပြောပြရပါ့
တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။
ကြည်မောင်သန်း(လှသန်း)
ဇွန် ၂၀၀၀ ရွက်နုဝေ
Comment #1

ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။

commentinfo By: Nayihtet at Dec 28, 2011
Comment #2

တကယ်ဆို ပြောပြဖို့ရော လိုအပ်လို့လား
ဆည်းဆာရဲ့ ကျောပေါ်ကို
ကိုယ့်ရဲ့ အမောတွေ မတင်မိဖို့
မနည်း သတိထားနေရတယ်။

commentinfo By: အသဲကွဲမိုး at Feb 22, 2012
Comment #3

with lots of love

commentinfo By: ei lay at Feb 22, 2012
Comment #4

ဒီကဗျာကို ဖတ်ပြီးကဗျာဆရာတွေရဲ့ ဘ၀နဲ့ရုန်းကန်မှုကို စာနာမိပါတယ်။ဆရာကိုလဲ အရမ်းပဲလွမ်းမိပါတယ်။

commentinfo By: lighthunter at Nov 22, 2012
Comment #5

ဟုတ်တယ် ဟုတ် တယ် ကိုအလင်းမုဆိုးကြီးကို ထောက်ခံပါတယ်….း )

commentinfo By: သွဲ့သွဲ့ at Nov 28, 2012
Comment #6

ဆရာ့ရဲ့ ကဗျာတိုင်းမှာ ဆရာ့ဝေဒနာကို တွေ့ရတယ်။ဒါဟာ ဆရာ့ရဲ့အောင်မြင်မှုပဲပေါ့။ဆရာအကြွေစောတာကို နှမြောမိပါတယ်။အဲလုသာ မဟုတ်ခဲ့ရင်ဆရာရဲ့ကဗျာတွေကို အခုချိန်မှာ တ၀ကြီးဖတ်ရမယ်။

commentinfo By: lighthunter at Nov 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment