Professional Authors

ဟီဂွေးရပ်(စ်) စာသင်ကျောင်းလေးရဲ့ ပုံပြင်ရှည်-ရွှေကြယ်မိုး

 

သူနောက်ဆုံးလှဲလျောင်းခဲ့ရာ

ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲ

သမိုင်းရဲ့စာအံသံများ ခုထိ ညံမြဲညံလျက်

 

အမှန်တရားဟာသေနတ်ပြောင်းဝမှာ ရှိသတဲ့လေ

အာဏာရှင်ဆိုတာဘယ်တရားမှ ချပြလို့မရတဲ့ သတ္တ၀ါ

နီကွာရိုခရိုင်ကတောတွင်းတိုက်ပွဲတစ်ခုမှာ

ပြုတ်ကျနေတဲ့ဆေးသေတ္တာကိုကောက်မလား

ပြုတ်ကျနေတဲ့သေနတ်ကိုကောက်မလား

သူဟာဆရာဝန်တစ်ယောက်

လူ့အဖွဲ့အစည်းကိုကုဖို့အကောင်းဆုံးဆေးဟာ

သေနတ်ဖြစ်ကြောင်းပြောရင်း

သူဟာ

သေနတ်ကိုပဲကောက်ခဲ့တယ်

 

ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ

အဆုံးစွန်ထိသောလည်စင်းပေးရမှု

လက်တွေတဆတ်ဆတ်တုန်ရီနေတဲ့

ပါးကွက်သားကို

ပစ်လိုက်ပါမကြောက်ပါနဲ့ ရဲရဲသာပစ်လိုက်ပါ

လို့ပြောရင်း လူသားတိုက်ပွဲကို အောင်ပွဲခံရင်း

မျက်စိမှိတ်ပြီးဝှေ့ယမ်းလိုက်တဲ့ စက်သေနတ်ရှေ့

ငါတို့ရဲဘော်ဟာစူးရဲတဲ့အကြည့်တွေ ဖြန့်ထုတ်ရင်းငြိမ်သက်

 

ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ

မီးခိုးတွေထောင်းထောင်းထအောင် အူသွား

 

ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ

ငယ်စဉ်တောင်ကျေးထဲကစွဲကပ်နေခဲ့တဲ့

ပန်းနာရင်ကြပ်ရောဂါရာသက်ပန်ပျောက်ဆုံး

နောက်နောင်ဝေဒနာတွေကို ခံစားရမှာ မဟုတ်တော့

 

အပြီးပြည့်စုံဆုံးသောအတွေးအခေါ်ပညာရှင်အဖြစ်

ယန်းပေါဆတ်ကိုနိုဗယ်ဆုပေးတော့ ယန်းပေါဆတ်က

ဒီကမ္ဘာမှာအပြည့်စုံဆုံးသောလူသားဟာ

အာနက်စတိုချေ-ဂွေဗားရားသာဖြစ်ကြောင်း

ထုတ်ဖော်ပြောခဲ့

အမျိုးသားရေးသည်အချောင်သမားဝါဒ

ချေသည်အမျိုးသားရေးမဟုတ်

စသဖြင့်ငါနှစ်သက်ရတဲ့ စကားလုံးများရဲ့ သူရဲကောင်း

 

လူ၁၂ ယောက် သေနတ် ၁၂ လက်နဲ့

အမေရိကန်လက်အောက်ခံကျူးဘားနိုင်ငံတော်ကို

ပြောက်ကျားစစ်ဆင်ရင်းအောင်ပွဲခံ

ဗီယက်နမ်လိုနိုင်ငံတွေ တစ်နိုင်ငံမကပေါ်လာအောင်

ထူထောင်ကြဆိုတဲ့ လက်ရေးလက်သားစာမူကလေးမှာ

မီဂါပါဝါသမ္မတကြီးဂျွန်ကနေဒီ တုန်လှုပ်ခြောက်ခြား

ကုလအတွင်းရေးမှုးကြီးဦးသန့်လည်း ရတက်မအေးနိုင်

 

ခုတော့အာဏာရှင်နိုင်ငံတွေက ပြည်သူတွေဟာ

ကာရစ်ဘီယံပင်လယ်ပြင်ကဂရမ်မာရွက်သင်္ဘောလေးများ

ငါတို့ဆီကိုဆိုက်ကပ်လာမလား ဆိုပြီး

နေ့စဉ်ရက်ဆက်ဆိုသလိုမျှော်လင့်တကြီးနဲ့

မြစ်ကမ်းဘေးထွက်မျှော်ရင်းစောင့်ကြိုနေကြတယ်

 

ခုတော့အရာအားလုံးဟာ

ဟီဂွေးရပ်(စ်)စာသင်ကျောင်းလေးထဲမှာ

ပြည်ဖုံးကားချသွားပြီ

ဒါပေမယ့်အရင်းရှင်၊အာဏာရှင်ကို တော်လှန်ရမယ်ဆိုတဲ့အသိ

ကျောင်းသားကျောင်းသူ၊တောင်သူလယ်သမားအားလုံးရဲ့ ရင်ထဲရောက်ခဲ့ပြီ

တော်လှန်ရေးလည်းကမ္ဘာတည်သရွေ့ လည်ပတ်ခဲ့ပြီ

                                                            ရွှေကြယ် မိုး

 

 (ကျဆုံးလေပြီးသော ရဲဘော် အာနက်စတို-ချေဂွေဗားရားသို့

ဤကဗျာဖြင့်အလေးနီပြုပါသည်)

In: ကဗျာ Posted By: Date: Apr 24, 2013
Comment #1

Thz so so much for sharing knowledges.
I’ve got many ideas & also learned very new things.
Poems corner & the poets make me upgrade.
Poems corner & the poet made me smart.
Poems corner & the poet made me be adult.

Whenever I feel pain,made me feel relax.
whenever I cry,always besides me.
whenever I feel lonely,stand by me.
whenever I m upset,made me smile.
How much I suffer pain,Always encourage me.
I love so much poems corner.
Poems corner becomes my life.

commentinfo By: ei lay at Apr 24, 2013
Comment #2

ဟုတ် မမ အိလေး

commentinfo By: ရွှေကြယ်မိုး at Apr 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment