လမင်းအကြောင်း-ရွှေကြယ်မိုး
ဟုတ်တာတော့…ဟုတ်တယ်
ကျွန်တော်လမင်းမှာ ကြပ်ခိုးစွဲခံထားရတဲ့
ဆေးလိပ်ငွေ့အဖတ်တွေရှိတယ်…
ပြောချင်တာပေါ့..
တစ်နေ့နေ့တော့ဆိုပြီးတော့လည်း
တစ်နေကုန်အောင် မျှော်နေ…တေးသီဆိုပြခဲ့သလောက်
လမင်းဟာ ပြတင်းဝကနေ နဲနဲလေးတောင်ပြူမပြခဲ့ဘူး…
ကျွန်တော်ကတော့ သူ့အတွက်နဲ့
ဆေးလိပ်ငွေ့တွေလွှင့်ထုတ်ခဲ့လိုက်ရတာ…
သူကတော့…တိမ်တစ်ခက်လောက်တောင်
ပြန်မရွာချပေးခဲ့ဘူး…
အတူုတကွ မျှော်လင့်ခဲ့ရတဲ့မျှော်လင့်ခဲ့ရတဲ့ ပျော်ရွှင်ခြင်းတွေလည်း
ခုလောက်ဆိုရင် သူ့ဆီမှာ ပျက်သုဉ်းလို့သွားရောပေါ့
ကျွန်တော့်ရဲ့မြေလမ်းလေးဟာ
မှုန်မှုန်ပျပျထင်ကျန်နေခဲ့တဲ့ သူ့ခြေရာလေးတွေကို
ပွေ့ဖက်ရင်း ကြွေကြွေကျလာတဲ့ သစ်ရွက်ခြောက်လေးတွေကို
ပြုံးပျော်ဟန်ဆောင်ပြနေရတယ်…
ဇာတ်လမ်းကမိုးလောက်ကြီးမြင့်ခဲ့ပေမယ့်
ဘာမှတော့မဟုတ်ခဲ့ပါဘူး…အရပ်ကတို့ရေ…
ဝင့်ဝင့်စားစားမော်ကြည့်ခဲ့ရတာကလွဲလို့…
၆ နဲ့ ၉ လိုဇောက်ထိုးဖြစ်ခဲ့ရတာကလွဲလို့
ဘာမှမဟုတ်ခဲ့ကြပါဘူး…
နောက်ဆုံးတော့…
သူကလည်း သူ့ဘာသာ ဝေးကွာလို့သွားနေလေရဲ့
ကျွန်တော်ကတော့ လမင်းကိုမျှော်တဲ့ တေးတွေတီးခတ်ဖို့တောင်
လက်သည်းရှည်ရှည်တွေနဲ့ဂစ်တာကိုဘယ်လိုကိုင်ရမယ်မသိသေး…
ဟုတ်တာတော့…ဟုတ်တယ်
သူမက ညှပ်ထုတ်ပစ်စရာမကောင်းတဲ့ ဆူးတစ်ချောင်းဖြစ်တယ်
ဘာပဲဖြစ်ဖြစ်ပြောပြချင်တာပေါ့…
သူပြောငါပြော ပြောခဲ့ကြတဲ့လမင်းတွေအကြောင်းမှာ
ကျွန်တော်ကလည်း ကျွန်တော့်လမင်းအကြောင်း ပြောပြချင်တာပေါ့…
ခုတော့…
စကားလုံးတွေနဲ့ပြောပြရမယ့်အစား ဆေးလိပ်ငွေ့တွေနဲ့ဖြူးဖြန့်ရင်း
လမင်းကိုလွမ်းနေရတာ…တိမ်တွေထဲကလမင်းသိပါလေစ…
သိလည်းတတ်နိုင်တော့မှာ မဟုတ်ပါဘူးလမင်းရေ…
ဒီအတိုင်းပဲ…တစ်ဖက်လှည့်တိတ်တိတ်ဆိတ်ဆိတ်နေရောပေါ့ကွယ်
ရွှေကြယ်မိုး
Comment #2
moon အကြောင်းသိပ်မသိလို့ လာရောက်လေ့လာသွားတယ်ဗျာ ~~
 By: X - ray at Dec 25, 2011
                        By: X - ray at Dec 25, 2011
                    Comment #3
သူပြောငါပြော ပြောခဲ့ကြတဲ့လမင်းတွေအကြောင်းမှာ
ကျွန်တော်ကလည်း ကျွန်တော့်လမင်းအကြောင်း ပြောပြချင်တာပေါ့…
ခုတော့…
စကားလုံးတွေနဲ့ပြောပြရမယ့်အစား ဆေးလိပ်ငွေ့တွေနဲ့ဖြူးဖြန့်ရင်း
လမင်းကိုလွမ်းနေရတာ…
ချစ်ခင်စွာဖြင့် . . . .
ကိုသျှား
 By: ကိုသျှား at Dec 31, 2011
                        By: ကိုသျှား at Dec 31, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
လမင်းအကြောင်းကို..ကောင်း2သိသွားပြီ ရွှေကြယ်မိုးရာ
အားပေးသွားပါတယ်။