Professional Authors

ပျောက်ဆုံးနေတဲ့ကဗျာ

ငါ့ကိုရှုံးတယ်လို့ ဘယ်သူပြောတုန်း….

အရှုံးချင်းပြိုင်တာ ငါနိုင်ခဲ့တာပဲ….။

 

ကျူးပစ်ကောင်ကွာ…လက်တည့်စမ်းချင်လို့တဲ့….

ငါ့မြှားနဲ့ ငါ့ကိုပြန်ပစ်ခဲ့တယ်….

ငါ့ရင်ဘတ်မှာ မြှားတန်းလန်းနဲ့….။

 

အလွမ်း…အဆွေး…မျှော်လင့်ခြင်း…

ရှေ့ဆက်မရတဲ့ အချစ်တွေနဲ့ ငါ့နှလုံးသားလေ…

ငါမျှော်လင့်လို့မရတော့တဲ့အရာကိုမှ ကွန်မန့်လာပေးလွန်းလို့…

ငါ့နှလုံးသားကို ငါ ဘလော့ပြစ်တယ်….။

 

ငါ့ကိုယ်ငါ ရေခဲတစ်တုံးလို….

ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးထဲပစ်ချကြည့်တယ်….

“ရှဲ” ခနဲ့ ငါ(ရေခဲ) ပျောက်ဆုံးသွားတယ်….

ဒါပေမယ့် ပွက်ဆူနေတဲ့ ရေနဲ့တော့ တစ်သားတည်းဖြစ်သွားတယ်….

ပူလောင် ဆူပွက်…။

 

……. …. …

……

ငါဘာတွေရေးနေပါလိမ့်….ကဗျာ????

…. … …

ခေါင်းစဉ်တပ်မရ………

ငါ့ကဗျာတွေ ပျောက်ဆုံးနေခဲ့တယ်…။   ။

In: ကဗျာ Posted By: Date: Apr 19, 2013
Comment #1

အရမ်းကြိုက်တယ်ဗျာ…။
အဓိက..အတွေးအခေါ်လေးကိုကြိုက်တယ်…။

ငါ့မြှားနဲ့ငါ့ပြန်ပစ်တယ်ဆိုတာမျိုး…
ငါ့ကိုယ်ငါ…ရေခဲတတုံးလို…ဆိုတာမျိုး…။

တကယ်ကောင်းပါတယ်…။ Nice poem

commentinfo By: violet-13 at Apr 19, 2013
Comment #2

har a yan kaung dal.

commentinfo By: cynthia at Apr 20, 2013
Comment #3

ကျေးဇူး ^_^

commentinfo By: SaiLin at Apr 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment