Professional Authors

ဝေးကွာခြင်း နှင့် အိပ်မက်မူပိုင်ခွင့်

အော်………….
မျှော်လင့်ခြင်းသက်သက်သာ
ကျန်တော့တဲ့ သေတ္တာတစ်လုံး………..
ပင်ဒိုရာတဲ့……..
သူကြောင့်ပဲ
ကျွန်တော် အလွမ်းတွေကို
မြိန်လျှက်စွာစားသုံးခဲ့ရတဲ့
ဝေးကွာခြင်းဆိုတဲ့
မျှော့တစ်ကောင်
ကျွန်တော့်အသည်းနှလုံးမှာကပ်တွယ်
နှလုံးသွေးတွေကို
စုပ်ယူနေတာအခုထက်ထိပဲ
နာရီတွေက ဒီအချိန်က
ဒီအချိန်ပဲ လည်နေတယ်…
ဒါပေမယ့် သက္ကရာဇ်တွေကတော့
သူမ ကျွန်တော့ကို ထားသွားတဲ့
နေ့စွဲ အတိအကျကို
ဖော်ပြနေလေရဲ့……..
ပျော်စရာကောင်းတဲ့ အချိန်တွေ
ကြည်နူးစရာကောင်းတဲ့
မင်းအပြုံးလေးတွေ
ရင်ခုန်စရာ မင်းအသံလေးတွေက
တစ်ခါ တစ်ခါ
လမင်းကို တီးတိုး
အိပ်မက် အဖြစ် ငါ့ ဆီကိုလာလေရဲ့…….
ရင်ဘတ်တခြမ်း
လိုနေလေရဲ့
အဲ့ဒါက မင်းဆိုရင်
ငါ့ကို ကယ်ကြပါအုံး
မင်းမရှိရင်
ငါက တခြမ်းပဲ ကောင်ပေါ့…….
ွရွာနေတဲ့မိုး
တိုက်နေတဲ့လေတွေ
သူမပုံရိပ်
သူမ ရယ်သံတွေလား
တစ်ခါတစ်ခါ
ငါဝေခွဲမရ
ချစ်ရလွန်းလို့
ထူပူကုန်တဲ့
အသည်း ခဏတာ အပြင်ထုတ်
ရေခဲ ရေနဲ့
ဆေးကြောပေမယ့် မရ……
အခုတော့
အဝေးပြေးကားဝင်း
ူဘူတာကြီး ၀င်းအတွင်းမှာ
မင်းကြိုက်တတ်တဲ့
ကာတွန်းစာအုပ်တွေကိုင်ရင်း
ငါ လေ မင်းပြန်လာမယ့်နေ့ကို
အိပ်မက်တွေ အပြည့်နဲ့
တစ်ခမ်းတနား
စောင့်နေမှာပါ့……….
ဆက်ဆက် ပေါ့………………………………..။

In: ကဗျာ Posted By: Date: Oct 13, 2011
Comment #1

:'(
:'(
🙂
🙂

commentinfo By: ei lay at Oct 10, 2012
Comment #2

A yann lwan nay par de.
:'(

commentinfo By: ei lay at Jan 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment