Professional Authors

The Lose City

“သူပြန်မလာတဲ့ မြို့ (အပယ်ခံ)”

သဘာဝအလင်းရောင် မှိန်မှိန်ကြားမှာ
electric ဆိုတာ ကို install မလုပ်ရသေးတဲ့
အိပ်မက်ကလေးတွေဟာ

ဟိုဘက်သို့    သည် ဘက် သို့ 

တချို့ လည်း ငြိမ် သက်
တချို့ လည်း ခုန်ပေါက် ပြေးလွှား
တချို့ လည်း ဖြေးဖြေးနှေးနှေး ရွေ့လျားနေကြ

(ဒါပေမယ့်)

အားလုံးဟာ မျှော်လင့်ချက် နတ်ဘုရား တစ်ပါးတည်း (သာ) ကိုးကွယ်(ထား) ကြတယ်။

 * –  အိမ်ခန်းငယ်လေးရဲ့ အသွင်အပြင်ဟာ
       (အရင်လို အရင်တိုင်း ဆိုတာတွေ စွန့်ပယ်လို့ )
       ရှုပ်ပွပြန်ကျဲခြင်း မြူမှိုင်း ကင်း စွာ

လတ်လတ်ဆတ်ဆတ် ပြုံးရယ်နေသယောင် – ၀က်ဝံရုပ်လေးတစ်ရုပ်
နာကျင်ကြေကွဲခြင်းတွေ ရောနှော သိမ်းဆည်းထားတဲ့ – Diary စာအုပ်လေးတစ်အုပ်
ခဲတံသားရောင် ပျယ်လွင့်စပြုနေတဲ့
A4 စာရွက်ကလေးတွေထက်က ထင်ဟတ်နေဆဲ – ပုံပြင် အနည်းငယ်
လွမ်းဆွတ်တမ်းတခြင်း ဖိစီးမှု ဒဏ်ရာ ပြည့်ဝလို့ 
နွမ်းလျ ချိနဲ့ နေသော မိန်းခလေးတစ်ယောက်ရဲ့
အင်အားကုန်လက်ကျန် – အပြုံးမျက်နှာငယ်လေး
(စသော)
အလှပဆုံး အခင်းအကျင်း တွေ စီးမြန်း ထားရင်း……တံခါးဖွင့် ..ကြို လင့် နေ လျက်။

  * – လှမ်းလျောက်ဝင်ရောက်လာမယ့် ဖ၀ါး ပိုးမွှားရှင်း နင်းဖြတ်စေဖို့ 
       အိပ်မက်ကလေးတွေဟာ စီစီရီရီ ကျောခင်း လဲလျောင်း – လမ်း ဖောက် ထား လျက်။

  * – “မိုးရာသီကိုအချစ်ဆုံးပါ” ဆိုတဲ့ အတွက်
       ရာသီချိန်မရွေး ရွာသွန်း အေးမြနေစေဖို့ 
       မျက်ဝန်း ရည် ကြည် နွေး တို့ နဲ့  အသက်သွင်း
       တစက်စက် (ကျ) အဆက်မပြတ်တမ်း ဝေဆာစေ လျက်။

  * – “ငါ့ကိုခွဲသွားမှာလား?”
      “ငါ့ကို စိတ်ပျက်သွားမှာလား?”
      “ငါ့ကို မုန်းသွားမှာလား?”
      “ငါ့ကို အနိုင်ယူမှာလား?”
       မေးခဲ့သမျှ negative question တိုင်းအတွက်
       “ဟင့်အင်း” တစ်လုံးသာ (ခိုင်ခိုင်မာမာ) ခြွေချပေးခဲ့ (သူမို့  ) လို့  လည်း
       (ငါက)
       တသံသရာလုံးစာ မြတ်နိုးခဲ့ရ
       (အဲဒီ)
       ကြည်နူးစရာ အတိတ်ပုံရိပ်တွေကို လည်း လက်တွေ့မှာ ထင်သာ မြင်သာ လင်းပနေ ဖို့ 
       (ရင်ခွင်ကို ရှေ့မဆက် ပဲ ရပ်တန့် စေ ကာ )
        ဖြန့်  ကျက် ပုံ ဖော် ထား လျက်။

အချိန်တွေဟာ ကြာ ခဲ့ ပြီ
သက္ကရာဇ်တွေဟာ အထပ်ထပ် တိုး လို့  နေ ဆဲ

ဖီးလိမ်းခြယ်သ ထားတဲ့ အိမ်ခန်းလေးဟာ – ဖုန်ငွေ့ တလူလူ – ဝေ
ခင်းကျင်း ထားတဲ့ အိမ်မက်လမ်းဟာ – ညောင်း ချိ – အံသေ
သုံးရာသီဖြစ်တည်ခြင်းကို အံတု ဖီဆန် ထားတဲ့  မျက်ဝန်း မိုးတွင်း ဟာ တစစနဲ့ – ကျဲတောက် – ခမ်းခြောက်
အနာဂတ်မှာ (တရိုတသေ) ပြဌာန်းထားတဲ့ အတိတ် ဟာ – မှုန် ရီ –ေ၀၀ါး

(ဒီလိုနဲ့)

တနေ့ နေ့  ကို စောင့်မျှော်နေခဲ့သော
အဲဒီမြို့လေးဟာ
တချိန်ချိန်ဆိုတဲ့ အခိုက်အတန့် အတွက်

(ခေါင်းမာ တယူသန် စွာ နဲ့ ပဲ) အသက်ငွေ့ ငွေ့ ကို  – ကြိုးစား ရှေ့ ဆက်နေ ခဲ့

{ အဲဒီ မြို့လေး ဟာ    သူ့ အတွက်ပဲလို့  – ကန့် သတ် / တံခါးပိတ်ထားခဲ့
  အဲဒီ မြို့ လေး ဟာ    သူ့ အတွက်ပဲလို့  – ဂုဏ်ယူ / လင်းပ
  အဲဒီ မြို့ လေး ဟာ    သူ့ အတွက်ပဲလို့  – ရည်စူး / အလွမ်းပန်းတွေ သီကုံး
  အဲဒီ မြို့လေး ဟာ    သူ့ အတွက်ပဲလို့  – ဆိုကာ

                           သူ့ ကို နောက်တခေါက် မြင်တွေ့ခွင့် ရ ဖို့  မျှော်လင့် နေ ဆဲ

  အဲဒီမြို့လေးဟာ     သူ (ဘယ်တော့မှ) ပြန်မလာတော့ တဲ့ လူမသိလူမရှိ (အပယ်ခံ) မြို့လေး အဖြစ် သာ }

(  may god will send this note to him n may he can feel her heart (@gain) even worlds apart  )

 

In: ကဗျာ Posted By: Date: Apr 11, 2013
Comment #1

အားပေးသွားတယ်နော်

commentinfo By: HEROSMITH at Apr 11, 2013
Comment #2

သနပ်ခါးဖွေးဖွေးလေး လိမ်းပြီး စောင့်နေ
ကျွန်တော်မြတ်နိုးတဲ့ ဆံနွယ်လေးတွေ မညှပ်ပစ်ပဲစောင့်နေ
လွမ်းလို့ရေးထားတဲ့ ကဗျာလေးတွေ တပွေ့တစ်ပိုက်နဲ့စောင့်နေ
ဘေးလူစကားတွေ မယုံပဲ စောင့်နေ
ခြေခင်းလက်ခင်းသာမယ့်နေ့ ကျွန်တော်ပြန်လာမယ် မြို့ငယ်
******လေလွင့်ငှက်

commentinfo By: someone at Apr 11, 2013
Comment #3

အဲဒီမြို့လေးအတွက် လမ်းပြမြေပုံလေး လိုချင်သဗျ။

ခင်တဲ့
မိုးသစ်

commentinfo By: Moe Thit at Apr 11, 2013
Comment #4

Hit to my heart directly.

commentinfo By: ei lay at Apr 11, 2013
Comment #5

“သူပြန်မလာတဲ့ မြို့ (အပယ်ခံ)”

commentinfo By: နွေ at Apr 11, 2013
Comment #6

( may god will send this note to him n may he can feel her heart (@gain) even worlds apart )

ဘာပြောရမှန်းကို မသိတော့ပါဘူး ဒေါ်လေး ရယ်

commentinfo By: 13th at Apr 11, 2013
Comment #7

မမိုးးးးးးးးးးးငါ့အမတော့..ကွာ။everလက်စွမ်းတွေထက်နေတာပဲ…။

commentinfo By: poem.poem28 at Apr 11, 2013
Comment #8

ကံကြုံရင်တော့ရောက်လာဦးမှာပါ..တစ်နည်းနည်းနဲ့ပေါ့ဗျာ

commentinfo By: werewolf at Apr 11, 2013
Comment #9

ကောင်းသည်ရှိ မကောင်းသည်ရှိ

ကျွန်တော့် ကဗျာလေးတွေကို အချိန်ပေးဖတ်ရှု ကွန်းမန့်ပေးခြင်းများအတွက် ကျေးဇူးတင်ရပါတယ်ခင်ဗျာ

လိုအပ်တာတွေရှိနေမှာအမှန်မို့  သည်လူကို သည်းခံ နားလည် အားပေးနေဆဲ ကျွန်တော့် အားဆေးလေးများအားလုံးကို သည်ကဗျာ သည်ကွန်းမန့်ကနေပဲ အထူးကျေးဇူးတင်ရပါတယ်လို့ ။

မြန်မာနှစ်သစ်ကူး မှာ ပျော်ရွှင်ချမ်းမြေ့ အေးမြ ကြည်လင် မှု ပေါင်းများစွာ ပိုင်ဆိုင်ကြပါစေ။

commentinfo By: အသဲကွဲမိုး at Apr 11, 2013
Comment #10

မိုက် မိုက်

commentinfo By: မေပျို at Apr 11, 2013
Comment #11

အားပေးသွားတယ်ဗျ

commentinfo By: မာန်ခက်ဝင့် at Apr 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment