Professional Authors

ကိုယ့်အကြောင်း ကိုယ်သိ

အိုခက်လိုက်တာဗျာ
ပန်းသီး တလုံးကစတဲ့
ပြသနာ အခုထိ မပြီးသေးဘူး……
အာဒံနဲ့ ဧ၀တက်တယ်
ရိုမီယို နဲ့ ဂျူးလိယက်လည်း
တက်တယ်
လျှံစန်းပေါ်နဲ့ ကျူးရင်ထွေးလည်းတက်တယ်
မြန်မာနိုင်ငံမှာဆိုရင်
ရှင်မွှေးလွန်းနဲ့မင်းနန္ဒာ
ကျန်စစ်သားနဲ့ မဏိစန္ဒာ
ပြီးတော့
နတ်ရှင်နောင် နဲ့ ဓါတုကလျာ
အော်စုံနေတာပဲ
အခုအဲ့ဒီ ပြသနာ
ငါလည်းတတ်ပြီ
ရင်ဘက်ကိုကိုင်ကြည့်
တဒုန်းဒုန်းနဲ့
ဟတ်ထိမထိတော့မသိဘူး
သူမအကြောင်းတွေးလို့
ခုနစ်ခါ တိတိ ချောလဲဖူးတယ.်….။
ကပ်ညိမညိတော့ မသိဘူး
သူမကို မြင်ယုံနဲ့
ကျွန်တော့လက်ဖျားတွေ
အေးအေး လာတတ်တယ်….။
ချစ်မချစ်တော့
မသိဘူး
အရူးတစ်ပိုင်းဖြစ်နေတာလို့
လူတွေ က ပြောကြတယ်
အမဲသားပဲ ကျွေးကျွေး
ဘာပဲ ကျွေးကျွေး
အုန်းသီးမကလို့
ဘာပဲထည့်ထည့်
ငါချစ်တာငါသိတယ်
အင်းပြီးရင် သူမသိဖို့လိုတယ်
တခြားဘယ်သူမသိစရာမလို…..။

In: ကဗျာ Posted By: Date: Dec 21, 2011
Comment #1

oh…
so so nice…
a yan a yan mike de,
special good,
right,,right,,,i agree with u.
chit myat noe nay de so tar ko a ti pay hma phyit hmar pop..
ta char lu tway ti chin ti ma ti chin nay,,nevermind.

commentinfo By: ei lay at Dec 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment