Professional Authors

အချစ်အကြောင်း

အချစ်အကြောင်း

 

မိမိဘာသာ မိမိ တစ်ကိုယ်ရေ မမိခြင်းတွေ အထပ်ထပ် ပြိုကျနေသော။

မဆိုစဖူး ဆိုဖူးရုံ ဆိုလိုက်ရုံဖြင့် မြို့တစ်မြို့စာ လင်းထင်းသွားသော မျက်ဝန်းတစ်စုံ။

ပိုင်ဆိုင်သူ ဇာတ်ကောင်ဟာ ဇာတ်လမ်းမှာ အဓိက ဇာတ်ဆောင် မဖြစ်ချင်နေ။

နေတယ်။ မနေဘူး။ စိတ်မှာသာယာဖို့ အဓိက အကြောင်းဖန်ခြင်း ကံကြမ္မာမြစ်လက်တက်။

ဟာ ကုလားတန်မြစ်လက်တက်လောက် လူသိမများခဲ့ဘူး ကွယ်။ ကွယ်။ ကွယ်။ ကွယ်။

ကောင်မလေး ၀ါးတား တမ်းတ ဆွတ်ပျံ့ ခေါ်သံများ လူမကြား သူမကြား။ ဤနှလုံးအိမ်အတွင်း၌ပင်။

ခြစားသလို စားခဲ့ပြီး ၊ စားခံခဲ့ပြီး၊ အစားခံနေရခြင်းကကို စာတွေကဗျာတွေထဲကလို အချစ်ဟု ။

အဓိပ္ပာယ် တင်းပြည့်ကျပ်ပြည့် ချိန်ခွင်တစ်ဖက်စောင်းသွားသည်။

မည်သူ သိဖို့ လိုအပ်သည်လဲ စိတ်ဆန္ဒ။

ညတွေထက် လှတဲ့ နံနက်ခင်း။ ပန်းတွေ မပါ။ လှပရောင်စဉ်တွေ မပါ။ ဘာမှ မပါ။ ပုံရိပ်တစ်ခုသာ။

အရာအားလုံး အဆုံးစွန်အထိ စွဲထင်ကျန်ရစ်စေခြင်းဖြင့် ။

မိမိ ဘာသာ မိမိကို မမိခြင်း ဖြစ်စဉ်တွေ အထပ်ထပ်ဖြင့် ။

အချစ်ကိစ္စကို ကျွန်ုပ် နားလည်သလို ပြောခဲ့ခြင်းသည် အပြစ်တစ်ခု ဖြစ်ခဲ့ပြီလော။

 

မိုးအိမ်လူ

In: ကဗျာ Posted By: Date: Feb 20, 2012
Comment #1

nice to read

commentinfo By: ei lay at Feb 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment