Professional Authors

လောင်မီး

အမှားကို အမှန်လုပ်ချင်သူတွေနှင့်
အမှန်ကို အံကြိတ်ဖုန်းကွယ်နေကြသူတွေ
တစ်ခါတစ်လေ
ငါကိုယ်တိုင်လည်း
မှားနေလား မှန်နေလား
ဝေခွဲမရ .. ကြယ်ပျောက်ညတွေမှာ
ဇဝေဇ၀ါ ………။
တစ်ယောက်ကိုတစ်ယောက်
နားမလည်မှုတွေက အစုန်အဆန်
ငါ့ သွေးတွေနှုတ်ပစ်လို့လဲမရခဲ့ …။
ရည်ရွယ်ချက်တွေ
ကပြောင်းကပြန်ဖြစ်မယ် ဆိုရင်တောင်
ငါ မပြုမိတဲ့အမှား အတွက်
ငါ မသက်ဝင်ခဲ့တဲ့ ယုံကြည်မှုအတွက်
ဘယ်တော့မှ  ဘယ်သောအခါမှ
ဒူးထောက်လိမ့်မှာမဟုတ်ဘူး …..။
ဒါက ကျိန်စာတစ်ခုဆိုရင်
ငါ့ သံသယအမိုက်မှောင်တွေ
ငါ့ ကို စွဲ လောင် စေ … ။

In: ကဗျာ Posted By: Date: Apr 2, 2013
Comment #1

Phat shu arr pay twar par de.

Chit chin hmar mar na tway htar nay me so yin be lo hma a sin pyay kya hmar ma hote bu naw.
Da ke chit de so yin yoe yoe laee be tway p yoe yoe laee be khan sarr kya par larr shin.
Ta u ne ta u pyine sine nay me so yin chit Thu 2 yout sa lone a twat ya lak ka a yann soe hmar pop.
Ta u ne ta u da ke chit de so yin a pyit ma Myin be kyoe sarr narr le pay like par larr Kwe.
ta u ne ta u Pwint pwint Linn Linn yoe yoe tarr tarr chit naing kya par say naw.

commentinfo By: ei lay at Apr 2, 2013
Comment #2

အားပေးတာကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ဒီကဗျာက အချစ်အတွက်မဟုတ်ဘူး အိလေး

commentinfo By: မေပျို at Apr 2, 2013
Comment #3

မီးများသိလျက်နဲ့ အလောင်ခံမနေပါနဲ့…..ခက်ခဲပင်ပန်းတဲ့လမ်းကို လူတွေက ဘာကြောင့်ရွေးချယ်ကြလဲ…
ခွင့်လွှတ်လိုက်ပါ…အားလုံးအေးမြသွားပါလိမ့်မယ်..

commentinfo By: kyawsanoo at Apr 2, 2013
Comment #4

Thz ko Kyawsanoo…

commentinfo By: မေပျို at Apr 3, 2013
Comment #5

အမှားကို အမှန်လုပ်ချင်သူတွေနှင့်
အမှန်ကို အံကြိတ်ဖုန်းကွယ်နေကြသူတွေ…….အဲ့ဒီလိုလူတွေ အမုန်းဆုံးပဲ……….

တချိန်ကမိုးကြိုး………..

commentinfo By: မိုးကြိုး at Apr 3, 2013
Comment #6

ဒီလိုပါပဲ မမေပျိုရယ်။
အားပေးနေပါတယ်။မမေပျိုကဗျာတွေကဖတ်ရခဲတယ်။

commentinfo By: soewaihin at Apr 3, 2013
Comment #7

ကိုဝေဟင့်ကဗျာတွေလည်း ဖတ်ရခဲတယ်
အပြန်အလှန်အားပေးကြတာ poemscorner ရဲ့
ချစ်စရာဓလေ့လေးပါနော်

commentinfo By: မေပျို at Apr 3, 2013
Comment #8

မမေပျိုကို အပူတွေငြိမ်းသွားအောင်

တန်ခူးနွေ
ပိတောက်တွေအကြွေမှာ
သင်္ကြန်ရေလေးလောင်းပေးရမယ် 😀

ပျော်ရွှင်ပါစေ…

commentinfo By: loafer at Apr 3, 2013
Comment #9

သင်္ကြန်ရေတွေအေးသွားတာပဲ loafer..

commentinfo By: မေပျို at Apr 3, 2013
Comment #10

ကျိန်စာတခု ဆိုရင်
င့ါ သံသယ အမိုက်မှောင်တွေ
ငါ့ကို စွဲလောင်စေ
အားပေးသွားပါတယ်..

commentinfo By: ap at Apr 3, 2013
Comment #11

😛

commentinfo By: ei lay at Apr 4, 2013
Comment #12

အပြုံးလေးနှင့်အားပေးတဲ့ အိလေး
ကျေးဇူး ကျေးဇူး ကဗျာသူငယ်ချင်းများကိုကျေးဇူးတင်ကြောင်း

commentinfo By: မေပျို at Apr 4, 2013
Comment #13

He..he..
Poem ye so lo chat ne lwe twar de so loh ne ne shat twar de.
😛

Ei ka le kyay zu a myar g tin par de.
Ei ko a mye narr le kwint hlut pay loh par.
A tine ma ti aung kyi nu mi par de shin.

May pyo ye sa karr laee kyaunt Ei a khu nay ma kaung phyit nay tar taung tet tar twar p Kwe.

commentinfo By: ei lay at Apr 4, 2013
Comment #14

ကောင်းပါပြီရှင် အိလေးကိုလည်း poemscorner ကဗျာဝိုင်းတော်သားအားလုံးက အမြဲချစ်ခင်နေတယ်ဆိုတာ သိတယ်နော့် …. မြန်မြန် နေကောင်း နော်

commentinfo By: မေပျို at Apr 4, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment