Professional Authors

မျှော်

သင်ပြန်မလာခဲ့သော်
ကျွန်ုပ်မျှော်
တမ်းတ ၊ လွမ်းရ ၊ နှုတ်ဆိတ်ည ။

တစ်ခါတစ်ရံ မိုး
တစ်ခါတစ်ရံ နှင်း
တစ်ခါတစ်ရံ မီး
သို့ သော် … ကျွန်ုပ်ပြုံးပြုံးကြီး … မျှော်  ။

သင်လည်းလွမ်းဖူး
ကျွန်ုပ်လည်းလွမ်းဖူးတဲ့
တချို့ သော ဒီဇင်ဘာညတွေက
အခုတော့ဖြင့်
တိတ်ဆိတ်ငြိမ်သက်
ဆောင်းအိမ်မက်တွေ ခြောက်လန့် နေတယ် …။

သင့်မျက်ဝန်းလဲ့လဲ့
ဘယ်တော့မဆိုး အပြုံးမပျက်တဲ့ 
လမင်းလေးနဲ့ တူတဲ့ 
ကောင်းကင်အထက်က ပြုံးပြနေတဲ့
ချစ်သူ့ မျက်နှာ
ဘယ်လောက်ပင်ဝေးသွားပါစေ
ပြုံးပြနေတာ
သတိရနေတာ
မျှော်နေတာ သင်သိပါ …။

In: ကဗျာ Posted By: Date: Mar 27, 2013
Comment #1

she should know!

commentinfo By: မေပျို at Mar 27, 2013
Comment #2

🙂

commentinfo By: ei lay at Mar 27, 2013
Comment #3

Thz par ma ei lay and ma may pyo and r pay kya tae thu twe ar lone ko
kyay zuu par 🙂

commentinfo By: loafer at Mar 28, 2013
Comment #4

မဆိုးဘူးဗျ ကဗျာက
ဆက်ကြိုးစားပါဗျာ ~~

With respect,
RAY

commentinfo By: X - ray at Mar 30, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment