Professional Authors

ရင်ဘတ်ကိုဖွင့်ပြတဲ့စာ

မသေချာမှူကိုကြောက်နေမိတယ်

မနက်ဖြန်ကလေးရေ

ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ထားလို့

ရင်မခုန်ရ

 

မင်းရှေ့မှာပြုခဲ့အမှားတစ်သောင်း

လက်ခံနိုင်မှူအတိုင်းအတာထက်ပိုနေမလား

ခဏခဏဖြစ်နေတော့

 

မင်းဟာ အဖြူရောင်ပိတ်ကားတစ်ချပ်လား

ပဟေဠိယွန်းအုပ်ကလေးလား

ပန်းနုရောင် ချစ်စဖွယ်ရှက်သွေးလား 

 

အမြဲတမ်းအတွက်ရှိနေမယ့်အကြောင်း

ခံဝန်ချက်ပေးရုံနဲ့

လက်တွဲယှက်နေ့ရက်တို့

မရေရာနိုင်မှန်းသိပါတယ်

 

မင်းစိတ်ကိုဆုံးဖြတ်လည်းဆုံးဖြတ်ဦးမှ

မင်းနဲ့ငါနှောင်ကြိုးခိုင်လည်းခိုင်ဦးမှ

နဖူးစာပါလည်းပါဦးမှ

 

ချစ်တယ်လို့ပြောရုံနဲ့ပြီးကြေးဆို

တို့တွေအတူဖြစ်သင့်တာ

ဟိုးတစ်နေ့

မင့်အိမ်ရှေ့တံခါးမှာ

ငါလာရပ်နေမိကတည်းက။ ။

 

ဩမြိုင်

In: ကဗျာ Posted By: Date: Mar 22, 2013
Comment #1

နှစ်သက်မိလွန်း၏

commentinfo By: အသဲကွဲမိုး at Mar 22, 2013
Comment #2

nice poem!

commentinfo By: မေပျို at Mar 23, 2013
Comment #3

Chit de loh pyaw yone ne ma pi pay me chit de loh pyaw Dar ko be Thu ka ma kyar chin be Shi par ma le shin.
Ne ne lout dot ta baw htar g ong hma pop shin.

commentinfo By: ei lay at Mar 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment