Professional Authors

*•..့*♥ ညီမငယ်မို့ ဖတ်စေချင် အမ္ဗပါလီ ♥*..့•*


အို…
” ညီမငယ် ”
ဘဝတွေကြမ်းပေမယ့်လဲ(လည်း)
စိတ်မကြမ်းပြီး ကိုယ်မနွမ်းအောင်နေပါကွယ်
အတိတ်ဝေဝါး စိတ်တွေရယ် စေကာစားတော့
ရက်နေ့ တွေတိုင်း ပျက်ကြွေပြိုင်ပါပေါ့
ကမ်းခြေနဲ့ လှိုင်းလို ပျက်ကြွေကာ ပဲ့ပြိုယိုင်သမို့ 
ကိုယ်ခန္ဓာလဲ(လည်း)
” နွမ်းလှတယ် ”

နူတ်ထွက်ရယ်တစ်ချက် သတိမမူပြက်ရယ်ပြုပါပေါ့
ထေရီ မေ “‘ ထွက် “‘ တံတွေးစက်ကိုလ
စေတီရင်ပြင် မြင်မကောင်း စိတ်ဝယ်ညှင်းကာပ
ညစ်ညမ်းကာ ဆဲဆိုပြုခဲ့ပေါ့
” ညှင်းလှနောင်များ ”

မြတ်မှုကျင့်ဆောင် ၊ ကောင်းမှုပြုဆောင်
ကောင်းကျိုးတပြောင်ပြောင် ဝင်းပါလ
နူတ်ထွက်ကာ တောင်းဆုပြုပါလို့ 
”” ဥပပါတိက ပဋိသန္ဓေ ”’ တည်ကာပြု၍
နတ်မမှီ လူမျှမက အဆင်းရူပကာ ရှိပါပေါ့
ကောင်းကင် ကျသား
တစ်ဆယ့်ခြောက် တစ်ဆယ့်ငါး
” နတ်သမီး အလား ”

အမျိုးအဆွေ ဘယ်နေ အိုးအခြေတည်မတွေ့ 
မွေးအမေ အဖေ မတည်မဲ့ပါပေါ့
ကောင်းကင်ကျ နတ်သမီး မမျှလှပါလို့ 
သရက်ပင်ခြေမှ ” ခ ” (ခါ) ကာပ
အို … ဘယ့် ” အမ္ဗ ”

အရွယ်ပျိုစဉ် ဟိုအရင်အလွန်လှ
ပိတုန်းရောင် မည်းနက်မှောင် ဆံကေ အဆင်းရယ်နှင့်
ဖြေချလျှင် သုံးတောင်ထွာ လှိုင်းလှိုင်းကျပါလို့ 
အဖျားကော့ကာ ကြည့်ရှု့ ဖွယ် အို အဆင်း
နောင်အခါ လျှော်မျှင်အဆင်းဖြူကာဖွေးပြီပေါ့
အို…ဘယ့် ” ဇရာ ”

အလှကိုမင် ဦးခေါင်းတွင် ပန်းကို အပြည့်ဆင်တော့
လေအတိုက်တွင် နံ့ သာကြုတ်ကို ဖွင့်ဘိသို့ 
” မွှေးကြိုင်လို့ သင်း ”

ဦးခေါင်းဆံပင် ဟိုးအရင် ငယ်စဉ် ညီညာ စီကာ စိုက်ဘိသို့ 
အိုမင်းကာ ” ဇရာ ” လွှမ်းပြီပေါ့
တင့်တယ် ပတ်ထုံး ရှုန်းပြန်စုဆွဲ
တစ်စမှီ ၊ တစ်စမမှီ ညွတ် မညီ ချွတ်ချော် စုတ်ဖွား
စုထုံးသော် လွတ်ကာ ရှုန်းပြန်ပေါ့
ရွံ့ စရာ လျော့ရဲ ကြဲကာ ဖွေးဖြူပါလ
အို … ဘယ့် ” ဇရာ ”

မှင်ဆေး ပန်းချီ ရေးမမှီ ငယ်ရွယ်စဉ် အို မျက်ခုံး
ပတ္တမြား တပ်ဆင် မျက်လုံးတွင် အရောင်ဝင့်ပြန်ပေါ့
” လှပရုပ်အဆင်း ”

မြတ်လေးငုံ ၊ စံပယ်ငုံ အသွေး
ရှု့ ချင်ဖွယ်ပြုကာဖွေးပြန်ပေါ့
” လှပ တဲ့ သွားကလေး ”

နူးညံ့မြင့်သွယ် ရှု့ ချင်ဖွယ် အို နှာတံစင်းရယ်နှင့်
”” ကင်္ကဏ ”” မည် ရွှေတန်ဆာ အဆင်း နားရယ်က
ပိပြား ရှုံ့ တွ ရှု့ ကြည့်ဖွယ် မလှပြန်ရယ်နှင့်
အိုမင်းကာ ” ဇရာ ” ထောင်းပြန်ပါလို့ 
မျက်ကွင်းရယ်ညို
ရှု့ ချင်ဖွယ် အို မျက်ခုံး တွန့် လိမ်ကြဲရဲ့ ပြန်
မလှမပ ကျ မျက်ကွင်း ရယ်ပြိုင်
ပါးပိန် သွားကျိုး အရုပ်ဆိုးပြီပေါ့
အို …ဘယ့် ” ဇရာ ”

တောဖျား မြိုင်ခွင် သွားလာပျံမြူး
လှည့်လည်ကာ တွန်ကျူးပြန်ပေါ့
ဥသြ ငယ်သွင် ချိုလွင်သံထူး
နာပျော်ဖွယ် သံ အဆင်းရယ်နှင့်
လုံးဝန်းချောညီ
ရှု့ ချင်ဖွယ် တင့်တယ်တည့်မတ် ရွှေမုရိုးစည်ဘိကဲ့သို့ 
ငယ်ရွယ်စဉ် ရှု့ ချင်ဖွယ် နှမလှရယ်က
အို … ဘယ့် ”’ အမ္ဗ ”’

အချိန်ကြာညောင်း နှိပ်စက် ” ဇရာ ” ထောင်းပြန်
ကွဲ ၊ အက် ၊ ရွတ် ၊ ဆိုး ယွင်းယို့  နှုတ်မြိတ်
သွားကျိုး ပါးပိန် အသံ တိမ်၍
အို ၊ ပျက် ၊ အက် ၊ ကွဲ ချွဲသလိပ် သံ ဆူညံဝေပေါ့
လည်တိုင် ရေပြား အိုမင်းကာ တွန့် လိမ် ညွှတ်လျှိုး
လည်ကုတ်ရယ် ကျိုးကာလ
ရှု့ ချင်ဖွယ် ငယ် အဆင်းရယ်က
မတင့်တယ် ” အို ” ကာယွင်းပြန်ပေါ့
အို … ဘယ့် ” အမ္ဗ ”

ကံ ဝဋ် ကယ် ဘယ်မပြေ မကောင်းမှုကံကြွင်း
ဟို အရင် ”’ ထေရီ မေ ” ကိုလ ပြည့်တန်ဆာ ဆဲဆိုမိခဲ့ပေါ့
ဝစီကံ စီမံ တွန်းပါလို့ 
ရှေ့ ဝိပါတ် ကြမ္မာ အထူးရယ်ကြောင့်
ရုပ် အဆင်းရယ် ပစ်မရွယ် ကင်းပြန်လဲ(လည်း)
ပိုင်သူမဲ့ မျိုးအဆွေ ကင်းပါလို့ 
မင်း ဘဏ္ဍာပြုကာ ဝေသာလီမင်း အပေါင်းရယ်က
ကိုယ်စီ ကိုယ်စီ သိမ်းယူ မယား ပြုကျင့်ပါပေါ့
ကံကြမ္မာ အကျိုးပေးရယ်
” ပြည့်တန်ဆာ ” ဖြစ်ရပြန်

နုနယ် ရုပ်ဆင်းရယ်က အိုမင်းကာ ပျက်ရွယ် ယွင်းပြန်ပေါ့
ကိုယ်မပိုင် ၊ သူမပိုင် ရုပ်ခန္ဓာ ကိုယ်ရယ်က
”ဇရာ” သာပိုင် ”ဇရာ” အတိုင်းဖြစ်ပါလို့ 
မမြဲ ဖြစ် ” အနိစ္စ ” အစစ်
ကြောက်စရာ ပုတ်ပွ ယုတ်ရွ
အို .. ” ဒုက္ခ ” အစစ်
ငယ်ရွယ်စဉ် လှ အဆင်း
အိုမင်း ယို့ ယွင်း ပြိုကာယွင်း
အစိုးမရ ” အနတ္တ ” အစစ်

@by Neon Poemchitthu

♠♠ မြတ်စွာ ဘုရားရှင် ဟောကြားတော်မူသော ဝတ်နည်း မဟာဝါ ပါဠိ တော် -၂၉၉ လာ ♠♠

♣♣♣ အမ္ဗပါလီ ထေရီ၏ ဝဋ်ဘဝ ဇာတ်ကြောင်းအား ခံစားသီကျူး ရေးဖွဲ့ ပါသည် ♣♣♣

In: ကဗျာ Posted By: Date: Mar 17, 2013
Comment #1

phat shu arr pay twar par de

commentinfo By: ei lay at Mar 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment