Professional Authors

ခေါင်းမာသူလေးနှင့်ပတ်သက်၍

ဟိုးရှေ့မှာ
တစ်သက်မှာတစ်ခါသာ ဖြစ်ဖူးသော
ရင်ခုန်သံများနှင့်အတူ . . .
ချစ်လွန်းလို့ မုန်းခဲ့ရသူလေး။

ငါသာ
စိတ်ဆိုးခြင်းကို အလိုမရှိတော့ဘူးဆိုရင်တော့
ကောင်းမှာပဲ . . . အခုတော့. . .
ငါ့ရဲစိတ်ကူးများသာ  ကျိုးပဲ့ကြေမွရ။

အမြဲလိုလို . . .
ပြောစကားကို နားမထောင်ခဲ့တဲ့ကောင်မလေး
နားထောင်ဖို့နေနေသာသာ နားယောင်ဖို့တောင်ဝေးရဲ့
နားမထောင်လို့ နားထောင်ဖို့ပြောတာကိုလည်း
နားမထောင်ပဲ ချာခနဲ လှည့်ထွက်သွားတတ်တဲ့
ဒင်းကလေးကို
ဘယ်လို ဆုံးမပြုပြင်ပေးလို့ ရနိုင်မလဲ။

ဒီလူမှာ . . .
မရှိတော့တဲ့သိက္ခာ၊
ကျပြီးကျနေရ မာနကလေးများ၊
လည်ပတ်နေကျ နာရီလက်တံတွေသာ
ဆက်လက် လည်ပတ်နေကြ
အချိန်သာကုန်သွား၊ ငါ ဘာမှမရ၊
ပျော်ရွှင်မှုအစား စိတ်ပျက်ဖွယ်များသာ
ပွေ့ပိုက်လျှက်၊ ဒေါသကို ခါးကြားထိုးလျှက်
အိမ်ပြန်ခဲ့ရ . . .၊
ငါဟာ ဖန်တရာတေတဲ့ဇာတ်ထုပ်ကြီးမှာ
ကပြအသုံးတော်ခံရပြန်၊
နူးညံ့နေတဲ့နှလုံးသားတစ်ခုဟာ
ကွဲလွယ်ရှလွယ်ဖို့ ဖြစ်လာတာပဲ
အခုတော့ . . .
ငါ့အိပ်မက်များ ပျားတုပ်ခံနေရပြန်ပေါ့။

အဲဒီသံစဉ်တွေက
တွန့်လိမ်ကောက်ကွေးခဲ့ပြီ
ပိုက်ဆံအိတ်ကို ဖွင့်ကြည့်မိတော့
ဒင်းကလေးက
ငါ့ကို လှောင်ပြ၊ပြောင်ပြ၊ ရယ်ပြရဲ့
မိုးဝေးပြောခဲ့သလို
“ မျက်စိမှိတ်လိုက်လည်း
မင်းပုံရိပ်က ဆူးလို လာစိုက်တယ်၊
အပင်ပြန်ပေါက်တယ်၊
အရွက်ပြန်ဝေတယ် . . .”
ငါ့နှလုံးသားကို မကျွတ်မလွတ်အောင် ကစားနေပြန်ပေါ့။

ညဟာ
ထင်တာထက် စိမ်းကားလာပြန်ရဲ့
ဒီရင်မှာ ကိုယ်ကိုယ်တိုင် အနာအကျင်ခံ
ခုတ်လှဲပစ်လိုက်တဲ့ သစ်ပင်လေး
ဒဏ်ရာတွေ အကင်းမသေဘူး
အနာတွေ ပြန်မကျက်ဘူး
ပုရွက်ဆိတ်အုံတစ်ခုလို တဆစ်ဆစ်နဲ့ကိုက်ခဲ
လမင်းရယ် . . .
ငါဟာ
ကိုယ့်ရင်ဘတ်ကိုယ် ဆွဲဖြဲခဲ့တဲ့ကောင်ပေါ့ . . . ။

                                  နရီမင်းထက်(ဆေးတက္ကသိုလ်)

In: ကဗျာ Posted By: Date: Aug 25, 2011
Comment #1

ညဟာ
ထင်တာထက် စိမ်းကားလာပြန်ရဲ့
ဒီရင်မှာ ကိုယ်ကိုယ်တိုင် အနာအကျင်ခံ
ခုတ်လှဲပစ်လိုက်တဲ့ သစ်ပင်လေး
ဒဏ်ရာတွေ အကင်းမသေဘူး
အနာတွေ ပြန်မကျက်ဘူး
ပုရွက်ဆိတ်အုံတစ်ခုလို တဆစ်ဆစ်နဲ့ကိုက်ခဲ
လမင်းရယ် . . .
ငါဟာ
ကိုယ့်ရင်ဘတ်ကိုယ် ဆွဲဖြဲခဲ့တဲ့ကောင်ပေါ့ . . . ။

commentinfo By: ဆည်းဆာ at Aug 25, 2011
Comment #2

အမြဲလိုလို . . .
ပြောစကားကို နားမထောင်ခဲ့တဲ့ကောင်မလေး
နားထောင်ဖို့နေနေသာသာ နားယောင်ဖို့တောင်ဝေးရဲ့
နားမထောင်လို့ နားထောင်ဖို့ပြောတာကိုလည်း
နားမထောင်ပဲ ချာခနဲ လှည့်ထွက်သွားတတ်တဲ့
ဒင်းကလေးကို
ဘယ်လို ဆုံးမပြုပြင်ပေးလို့ ရနိုင်မလဲ။
ဟုတ်ပဗျာ……ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး။

commentinfo By: poem.poem28 at Aug 25, 2011
Comment #3

Thanks For Your Comments.

commentinfo By: nhmgmg at Aug 26, 2011
Comment #4

excellent..
excellent..
excellent..
excellent..
excellent..

commentinfo By: ei lay at Aug 30, 2011
Comment #5

read again

commentinfo By: ei lay at Mar 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment