Professional Authors

လရောင်ကန်း သွားတဲ့ မျက်လုံး

ကောင်းကင်ကြီး တစ်ခုလုံး ပျောက်သွားသလို

ငါ့ ညမှာ ကြယ်တွေ မလင်းနိုင်တော.ဘူး…

သူမ မဆိုတော.တဲ. သီချင်းကိုပဲ

အထပ်ထပ် နားထောင်ချင်မိ….

ဒီစိတ်ကို

ဒီအတိတ်ကို မသွားဖို့

ဒီအတိတ်မှာ မနားမိဖို.

သုံးလွန်းတင်ထားတဲ့ သတိတရားတွေလဲ

ထောင်းခနဲ ထောင်းခနဲ ပြတ်

မင်းရက်စက်ခဲ့သမျှပေါ့

တစ်လုံး မကျန်အောင်ကို

အိပ်မက်တွေက ပြန်ကကြ

ဒီ အချိန်တိုင်အောင်ပါပဲ

မင်းကို ငါ မမေ့တာ

ငါပြောတဲ့ ဒီအချိန် ဆိုတာ

ဒီအချိန်တွေ ဖြစ်တာမို့

ဒီအချိန်ထိ ပြောရရင်

ဒီအချိန် တိုင် အောင်ပါပဲ

မင်းကို ငါ မေ့မရ တာ……..။  ။

                                 ခိုင်နေ

 

 

In: ကဗျာ Posted By: Date: Jun 9, 2010
Comment #1

ခံစားချက်နဲ့ ကွက်တိပဲ ………ပြန်ခံစားလိုက်ရတယ်……..ဖတ်ရတာကျေးဇူးလည်းတင်ပါတယ်

commentinfo By: thiribo at Dec 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment