Professional Authors

လွမ်းနောင် ကျဆုံးခြင်း

မင်းလိုချင်တာမျက်ရည်တွေလား

မင်းနှလုံးသားနဲ့ခံယူမယ်ဆိုရင်

ငါငိုပေးပါ့မယ်………

မင်းပေးခဲ့တဲ့ဒဏ်ရာတွေတိမ်မယောင်နဲ့နက်ခဲ့တော့

တဆစ်ဆစ်နဲ့နာကြင်လွန်းလို့

ငါရင်ခုန်ရမှာတောင်ကြောက်နေမိတယ်………

အသွားမရှိတဲ့ဓါးတစ်လက်လို အသုံးမကျတဲ့ငါ့မာနတွေက

မင်းရဲ့မာယာမြှားချက်တွေကို ခုခံနိုင်စွမ်းမရှိလို့

ငါ့နှလုံးသားကျဆုံးခဲ့ရတာ သိပ်တော့မဆန်းဘူး………

ကြိုက်သလိုသာစီရင်တော့

ရင်ခုန်သံအသေတွေကြားဒူးထောက်ထားတဲ့ငါ

နောက်ထပ်နာကြင်စရာမရှိတော့ဘူး………

မင်းသဘောအတိုင်းလည်စင်းပေးထားပါတယ်……….

In: ကဗျာ Posted By: Date: Apr 1, 2011
Comment #1

မင်းလိုချင်တာမျက်ရည်တွေလား
မင်းနှလုံးသားနဲ့ခံယူမယ်ဆိုရင်
ငါငိုပေးပါ့မယ်………
မင်းလိုချင်တာ ဘာရှိသေးလဲ ကိုလွမ်းနောင် ရဲရဲသာ မေးပစ်လိုက်
🙂

commentinfo By: gadounlay at Apr 1, 2011
Comment #2

ကိုလွမ်းနောင် … ကောင်းလိုက်တာဗျာ…
အားပေးနေပါတယ်…

commentinfo By: genius.jinx28 at Apr 2, 2011
Comment #3

ကိုလွမ်းနောင် ..အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Apr 2, 2011
Comment #4

မင်းလိုချင်တာမျက်ရည်တွေလား

မင်းနှလုံးသားနဲ့ခံယူမယ်ဆိုရင်

ငါငိုပေးပါ့မယ်………

မင်းပေးခဲ့တဲ့ဒဏ်ရာတွေတိမ်မယောင်နဲ့နက်ခဲ့တော့

တဆစ်ဆစ်နဲ့နာကြင်လွန်းလို့

ငါရင်ခုန်ရမှာတောင်ကြောက်နေမိတယ်………

မိုက်တယ်ဗျာ….ကြိုက်၏….။

commentinfo By: terry at Apr 2, 2011
Comment #5

မင်းလိုချင်တာမျက်ရည်တွေလား

မင်းနှလုံးသားနဲ့ခံယူမယ်ဆိုရင်

ငါငိုပေးပါ့မယ်………

မင်းပေးခဲ့တဲ့ဒဏ်ရာတွေတိမ်မယောင်နဲ့နက်ခဲ့တော့

တဆစ်ဆစ်နဲ့နာကြင်လွန်းလို့

ငါရင်ခုန်ရမှာတောင်ကြောက်နေမိတယ်………

commentinfo By: nanpyisoke at Apr 3, 2011
Comment #6

har,,,
tu tu be,,,
tu tu be,,
he,,he,,
a phaw ya p kwa…

commentinfo By: ei lay at Sep 1, 2011
Comment #7

လန်းလှချည်လား ~~~~ ခေါင်းစဉ်ကြည့်ပြီး နင်များသေတာလားလို့ ဟီးးးး

commentinfo By: Sandar Win at Oct 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment