Professional Authors

အငွေ့ပျံ အိပ်မက် နဲ့ ငါ

(၁)

ငါ့အတွက်

ပါဆယ်ထုတ် ရောက်တဲ့နေ့က

ငါ ပျော်မနေဘူး

 

မျှော်လင့်ခြင်း လက်ဆောင်ထဲမှာ

ငါ့အတွက်

ကံကောင်းခြင်းတွေ ပါမလာဘူး

 

ထွက်ပေါက် မရှိတဲ့ ၀င်္ကပါထဲ

အလုံပိတ်မိသွားတဲ့ ငါ

မွန်းကျပ်လွန်းလို့ အသက်ရှုမ၀ဘူး

 

 

(၂)

အမှောင်ခန်းထဲ လေအဝှေ့မှာ

လိုက်ကာက အသာဟ

ဝင်လာတဲ့ တောက်ပတဲ့ အလင်းကြောင့်

ငါ့အမြင်တွေ ကျိန်းလို့စူး

ကျေးဇူးပြု၍…..အမှောင်ချထားပေးစမ်းပါ

င့ါအရိပ်ငါ မမြင်ရလေ ကောင်းလေ

 

 

(၃)

မက်မပြေတဲ့ မျှော်လင့်ခြင်းတွေ

ဒဏ်ရာမဲ့ နာကျင်ခြင်းတွေ

မပြစ်ရက်တဲ့ ဒိတ်လွန် အလွမ်းတွေနဲ့

အဆိပ်တက်တဲ့ နေ့ညတိုင်း

မာန်ရှိန်ပြင်းတဲ့ လောကမာယာတော

မျှော်လင့်ခြင်းတိမ်တိုက်ထဲမျော

 

 

(၄)

နောက်ဆုံးတော့ . .  .

ကျောက်ရုပ်နှယ် မလှုပ်မယှက်

လူသေကောင်လို အေးစက်

ငြိမ်သက်နေတဲ့ ငါ့ရှေ့မှာ

ဟိုတစ်စ ဒီတစ်စ ကြဲပြန့်နေဆဲ

အသက် မဆက်နိုင်တော့တဲ့

ဓာတ်လိုက်ခံ အိပ်မက်တွေက

တကယ့်ကို ရုပ်ပျက် ဆင်းပျက်

 

 

(၅)

ရှိစုမဲ့စု  လက်ကျန်

အသိစိတ် မျှင်းမျှင်းနဲ့

မျှော်လင့်ခြင်းတွေ မျိုချလို့

ငါကိုယ်ငါ ဓာတ်လိုက်စေမယ်

ငါ့အိပ်မက် နဲ့ ငါ

အတူတကွ အငွေ့ပျံပါစေသားကွယ်

 

 

~ noble ~

 

In: ကဗျာ Posted By: Date: Mar 3, 2013
Comment #1

ဟဟ…ကောင်းလိုက်တာဗျာ………(ငါ့အိပ်မက် နဲ့ ငါ

အတူတကွ အငွေ့ပျံပါစေသားကွယ်…..) တကယ်

commentinfo By: bone lay htet lwint at Mar 4, 2013
Comment #2

like like like

commentinfo By: အသဲကွဲ မိုး at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment